Virus Protection

Virus ကို ဖန်တီးတာ ဖျက်စီးဖို့မဟုတ်ပါဘူး။ ဖျက်စီတတ်တဲ့ အကျင့်ရှိသူတွေကို ကာကွယ်ဖို့ ဖန်တီးနည်းကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီ course မှာ အခြေခံသဘောသဘာဝတွေကို သင်ကြားပေးတာပါ။ Virus တစ်ခုဖန်တီးရတာ မခက်ဘူး။ ဒါပေမယ့် ကာကွယ်ဖို့ကိုတော့ လွယ်ပေမယ့် အရမ်းအလွယ်ကြီးတော့ မဟုတ်ဘူး။

What is Virus

Virus ဆိုတာကတော့ လွယ်လွယ်ကူကူပြောရရင် computer ကိုဖျက်စီးပစ်တာပဲပေါ့။ Virus ကိုအများအားဖြင့် အပျော်အနေနဲ့ ဖန်တီးလာရာကနေ ဖျက်စီးခြင်းဆိုတဲ့ နေရာကို ရောက်ရှိလာတာပါ။ အမှန်တိုင်းပြောရရင်တော့ Virus ဖန်တီးတာကို အားမပေးဘူး။ ဒါပေမယ့် virus တစ်ခု ဘယ်လို လုပ်ရမယ်မသိပဲ virus ကို သတ်ဖို့ဆိုတာကတော့ မလွယ်ဘူးလေ။ ဒါကြောင့် virus က ဘယ်လိုအလုပ်လုပ်တယ်။ ဘာတွေလုပ်တယ်။ နောက်ပြီး ဘယ်လိုတွေ ဖျက်စီးတတ်တယ်စတာတွေကို သိထားဖို့လိုပါတယ်။ Continue reading “Virus Protection”

Internet & Email

ဒီစာမျက်နှာကို မြင်ကတည်းက internet ကို သုံးဘူးတယ်။သုံးနေတယ်ဆိုတာသေချာပါတယ်။ ကျွန်တော်တို့ online education ကိုတက်ရောက်မယ့်သူတိုင်းကတော့ အင်တာနက်ကို သုံးတတ်ဖို့လိုအပ်တယ်။ အင်တာနက်မှာရှာဖွေတက်ရမယ်။ မရှာတတ်မဖွေတတ်လို့ မဖြစ်ဘူး။ အခုခေတ်က မသိလျှင်ရှာမတွေ့လျှင်မေး ခေတ်ရောက်နေပြီ။ အရင်ကလို မသိရင်မေးဆိုတဲ့ စကားပုံကိုမေ့ထားလိုက်တော့။ မသိရင်မေးဆိုရင် ဆုံးတော့မှာမဟုတ်ဘူး။ ကြာရင် သူများကိုအားကိုးချင်စိတ်ပဲပေါက်လာလိမ့်မယ်။ ကျွန်တော်တို့တွေ ရှာတတ်ရင်တွေ့မှာ။ပထမဆုံး သင်ခန်းစာမှာတော့ Service+ က ဆရာကိုရဲ ရေးထားတဲ့ စာအုပ်လေးကိုအရင်ဖတ်ကြည့်ပါ။ စာအုပ်ကတော့ သူငယ်ချင်းတစ်ယောက်ဆီက ရထားတာပါ။မျှဝေခွင့်ရှိတယ်ဆိုလို့ တင်လိုက်တာပါ။ ကဲ… ဒီနေ့တော့ ဒီလောက်ပဲ။မနက်ဖြန်ညမှ ဆက်ရအောင်။

Continue reading “Internet & Email”

Ethical Hacking and Penetration Testing

Ethical Hacking Course ကိုစပြီးတင်ပြပါတော့မယ်။
တတ်နိုင်သလောက် မြန်မာလိုတိုတိုပဲရှင်းပြသွားမှာဖြစ်ပါတယ်။
မရှင်းသေးတာရှိရင်post တင်ပြီးမေးနိုင်ပါတယ်။
လိုနေသေးတာတွေကို အဲဒီကျမှ ထပ်ရှင်းသင့်ရင် ရှင်းပါ့မယ်။
မေးဖို့က ခင်ဗျားတို့တာဝန် ရှင်းဖို့က ကျွန်တော့်တာဝန်ပါ။
ကွန်ပျူတာနဲ့ပတ်သက်လို့ လုံးဝ ဗဟုသုတမရှိသေးတဲ့သူတွေအတွက်တော့ အခေါ်ဝေါ်တွေ အသုံးအနှုံးတွေ
နည်းနည်းစိမ်းနေမှာဖြစ်ပေမယ့်သူများတွေထက်ပိုပြီးကြိုးစားအားထုတ်နိုင်မယ်ဆိုရင်တော့
မတတ်ဘူးဆိုတာ ဘာမှမရှိပါ။
မွေးကတည်းက ကွန်ပျူတာပိုက်ပြီးမွေးလာသူ လောကမှာတစ်ယောက်မှမရှိပါခင်ဗျား။ Continue reading “Ethical Hacking and Penetration Testing”

Just A Knowledge

ကျွန်တော် သိသလောက်။ ပြောပြဖို့ လွယ်တဲ့ အကြောင်းတွေ သင်ခန်းစာတွေ အကုန်လုံးကို မျှဝေသွားပေးမယ်။ တချို့အရာတွေကတော့လည်း စာတွေ့နဲ့ပြောရတာ ခက်ခဲတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး ဆက်ပြီး သင်သွားမှာပါ။

ဒီ Course ရဲ့ ပထမဆုံးနေ့မှာတော့ အကုန်သိကြတဲ့ google အကြောင်းပါ။ google ရဲ့ service တွေက အများကြီးပါ။ ကျွန်တော်တို့ လူတိုင်းသိကြတာကတော့ google ဆိုတာ search engine တစ်ခုပါ။ တစ်ခြား service ထဲမှာ နာမည်အကြီးဆုံးကတော့ gmail ပါပဲ။ မြန်မာတော်တော်များများမှာ gmail ရှိကြပါတယ်။ တခြား လူသိများပြီး မြန်မာတော်တော်များများသိကြတာကတော့ blogspot ပါ။ စာရင်းကတော့ ဒီမှာ ကြည့်လိုက်ပါ။ အဲမှာ မပါပဲ ကျွန်တော်တို့ web developer တွေသုံးသင့်တာကတော့ google webmaster tool ပါ။ ကိုယ့် website ကို google မှာ လွယ်လင့်တကူရှာနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ တခြား web developer သုံးကြတာကတော့ google apps ပါ။ saturngod at mysteryzillion.com လိုမျိုး ကိုယ့်ရဲ့ @mysteryzillion.com ကို google ရဲ့ service ယူထားလို့ gmail feature နဲ့ gtalk ပါ ရပါတယ်။
Continue reading “Just A Knowledge”

အသုံးချ Ruby

၁ အဖွင့်။
၁.၁ နိဒါန်း။
ယခု Rubyသင်ခန်းစာများကို Mystery Zillion Education Site(http://www.edu.mysteryzillion.org) အတွက် ရည်ရွယ် ရေးသားပါသည်။သင်ခန်းစာ စီစဉ်ရေးသားသော်လည်း၊ ကျွန်ုပ်ကိုယ်တိုင် Ruby အပါအဝင် အခြားprogramming language များကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသူမဟုတ်ပါ။ကိုယ်သိသလောက်၊ မှတ်သလောက်၊ တတ်သလောက် နှင့် ကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်ကို ညှိနှိုင်း ခြင့်ချိန် ရေးသားပါသည်။ ထို့ကြောင့် အမှားပါရင်ခွင့်လွှတ်ဖို့ စကား ပလ္လင် ခံရပါသည်။ ကျွန်ုပ်သည် စာရေးဆရာ တစ်ယောက်လည်းမဟုတ်သဖြင့် ရေးသားပုံ ည့ံဖျင်းလျှင်လည်း ပွင့်လင်းစွာဝေဖန် အကြံပေးနိုင်ပါသည်။ သင်ခန်းစာပါ အကြောင်းအရာများ၊ အရေးအသား များကို၊ စာရှုသူများ၏တုံ့ပြန်မှုပေါ်မူတည်၍၊ ဆက်တိုက် ပြုပြင်၊ မွမ်းမံ ရေးသား သွားမည်ဖြစ်ပါ၍အဖက်ဖက် မှ ကောင်းမွန်စေရန်၊ စာရှုသူများ၏ ကိုယ်တိုင် ပါ၀င်၊ ဝေဖန်အကြံပေးမှု များ အထူးလိုအပ်ပါသည်။ Continue reading “အသုံးချ Ruby”

HTML

ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။ ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepage များကို အလွယ်တကူ ယူဆောင်နိုင်လေပြီ။ Internet ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။ အလွယ်ရှင်းရရင်တော့ Internet ဆိုတာ ကမ္ဘာ ပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသော Network ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။ ရေးသားထားတဲ့ Web Page တွေကို Web Browser Software နဲ့ ကြည့်ရှုရပါတယ်။ Web Broswer Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။ ဒါကြောင့် web site တွေကို ဖန်တီးရာမှာ အခြေခံအကျဆုံး HTML ကို စာအုပ်လေးရေးသားထားပါ့တယ်။ Size သေးအောင် 7Zip နဲ့ချံု့ထားပါတယ်။ ဒါကြောင့် 7Zip ကိုသွင်းဖို့တော့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် browser တွေမှာ ဖတ်လို့ရအောင် .swf file လေးလည်း ပေးထားပါတယ်။ နှစ်သက်ရာကို download ချယူနိုင်ပါတယ်။

Continue reading “HTML”

Learning Jquery 1.3

Chapter 1 : Getting Start

အခုအချိန်မှာတော့ Web လောကမှာ dynamic တွေဖြစ်ကုန်ပြီး site တွေကို ဆွဲဆောင်မှုရှိလာအောင် interactive ဖြစ်လာအောင် developer တွေက ဖန်တီးလာတယ်။ အဲဒီလို ဖန်တီးရာမှာ လွယ်ကူလာအောင် JQuery လိုမျိုး javascript library တွေ အသုံးပြုလာတယ်။ Jquery ဟာ javascript library ဖြစ်ပြီး အခုအချိန်မှာ လူတောှတောှများများ အသုံးပြုရွေးချယ်နေကြပါတယ်။ Jquery မှာ function တွေအများအပြားရှိပြီးတော့ အခြား plugin တွေများပြားလို့လည်း လူသုံးများလာတယ်ဆို မမှားပါဘူး။ Jquery ဟာ HTML သာမက Cascading Style Sheets (CSS) တို့မှာရှိတဲ့ function တွေကို ခေါှပြီး အသုံးပြုလို့ရတယ်။ JQuery ကို အသုံးပြုမယ်ဆိုရင် programming skill အနည်းငယ်ရှိရမှာ ဖြစ်ပြီး web developers တွေအနေနဲ့ကတော့ programming experience ရှိပြီး javascript တတ်ကျွမ်းထားပြီးတွေ ဖြစ်တဲ့အတွက်ကြောင့် web developer တွေအနေနဲ့ jquery ကို လွယ်လွယ်နဲ့ လေ့လာနိုင်ပါတယ်။ အဲ တခြားအပိုင်းတွေ မပြောသေးခင် Jquery ဘာတွေ လုပ်နိုင်လဲဆိုတာ စပြောရအောင်။ Continue reading “Learning Jquery 1.3”

Simple Program Design

စတင်ခြင်း

Programming ကို မတတ်မြောက်ခင်မှာ pseudo နဲ့ flow chat သိဖို့လိုပါတယ်။

Pseudo ဆိုတာ

Pseudoဆိုတာကတော့ programming တစ်ခု မစခင်မှာ ပထမဆုံး ပုံစံကြမ်းချရေးတဲ့ codeပေါ့။ pseudo code ကို ဖတ်ပြီး ဘယ် programmer မဆို မိမိ အသုံးပြုတဲ့programming နဲ့ ရေးသားနိုင်ပါတယ်။ တနည်းအားဖြင့် pseudo code ဆိုတာကတော့လူတိုင်း ဖတ်လိုက်တာနဲ့ နားလည်အောင် ရေးသားထားတဲ့ code ကို ဆိုတာပါ။ Continue reading “Simple Program Design”