Motorola က tablet ထုတ်မယ်လို့ ရေးထားပြီးပါပြီ။ CES 2011 မှာ Xoom အမည်နဲ့ Android 3.0 ကို အသုံးပြုပြီး ထုတ်လိုက်ပါပြီ။ ပထမဆုံး Android 3.0 Tablet လို့ ဆိုလည်းရပါတယ်။ 3G network ကနေ 4G network ကို upgrade လုပ်လို့ရတယ်လို့ ဆိုပြန်တယ်။ CPU ကတော့ NVIDIA Tegra 2 Dual Core 1 GHz နဲ့ RAM ကလည်း 1 GB ပါ။ Flash Room 32 GB အပြင် အခြား ထပ်ပြီး microSDHC ကို 32 GB ထိ တိုးလို့ရပါသေးတယ်။ storage ကတော့ ရှယ်ပေါ့ဗျာ။ အရွယ်အစားကတော့ 10.1 လက်မ ရှိပါတယ်။ Resoultion ကတော့ WXGA (1280 x 800) ရှိတယ်။ iPad Killer လားလို့တောင် မေးခွန်းထုတ်ရတဲ့ Tablet တစ်ခုပါ။ နောက်ပြီး Flash Player support လုပ်တဲ့အတွက် Flash game တွေ video တွေကြည့်ချင်တဲ့လူတွေ အတွက် အဆင်ပြေတာပေါ့။
Default Gallery Type Template
This is the default gallery type template, located in:
/var/www/domains/blog.mysteryzillion.org/wp-content/plugins/nextgen-gallery/products/photocrati_nextgen/modules/nextgen_gallery_display/templates/index.php.
If you're seeing this, it's because the gallery type you selected has not provided a template of it's own.
