zuck

Mark Zuckerberg သူ့ပိုင်ဆိုင်မှု တော်တော်များများ လှုဒါန်း

ဒီ သတင်းဟာ ဒီဇင်ဘာလဆန်း ကတည်းက သတင်းပါ။ သို့ပေမယ့် သေသေချာချာ မသိသေးတဲ့ သူတွေအတွက် ပြန်လည် ရေးသားပေးလိုက်ပါတယ်။ Facebook ရဲ့ ဖန်တီးရှင် Mark Zuckerberg ။ အသက် ၂၆ နှစ်အရွယ် ဘီလျံနာ။ သို့ပေမယ့် သူ့ပိုင်ဆိုင်မှုတွေ တော်တော်များများကို လှုဒါန်းမယ်လို့ ဆိုပါတယ်။ Bill Gates and Warren Buffet တို့စခဲ့သည့် “Giving Pledge” မှာ လှုဒါန်းမယ်လို့ သဘောတူပြီးဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ပထမဆုံး အလှုလည်း မဟုတ်ပါဘူး။

Open Social Network တစ်ခုဖြစ်တဲ့ Diaspora ကိုလည်း သူ လှုဒါန်းခဲ့ပါသေးတယ်။ ဘယ်လောက်လှုဒါန်းခဲ့လဲဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်းမရှိပါ။ ဒါ့အပြင် Network Public School ကိုလည်း $100 million လှုဒါန်းခဲ့ပါသေးတယ်။ Giving Pledge ကတော့ မီလျံနာ တွေ ဘီလျံနာတွေက လှုဒါန်းမယ်လို့ ကတိပေးထားတဲ့ နေရာ အလှုခံအဖွဲ့အစည်းပါ။ ကတိပေးထားတဲ့ မီလျံနာ ၊ ဘီလျံနာတွေထဲမှာ ကမ္လာ့ အချမ်းသာဆုံး BILL AND MELINDA GATES လည်း ပါဝင်ပါတယ်။ ဘယ်အချိန်လှုဒါန်းမယ်ဆိုတာကိုတော့ မသိရသေးပေမယ့် အသက်ရှင်နေစဉ် အတော်အတွင်း သို့မဟုတ် သေပြီးနောက်ပိုင်းမှာ လှုဒါန်းပါလိမ့်မယ်။

Forbes Magazine ရဲ့ အဆိုအရတော့ Mark ဟာ $6.9 billion ကြွယ်ဝချမ်းသာပါတယ်။ ၃၅ ယောက်မြောက် အမေရိကန်တွင် အချမ်းသာဆုံး တစ်ယောက်ဖြစ်ပါတယ်။

ref:

http://mashable.com/2010/12/09/mark-zuckerberg/

http://givingpledge.org/

This entry was posted in News and tagged , , on by .

About mzedu

ပညာရေး ၊နည်းပညာ စတဲ့ သတင်းနဲ့ ဆိုင်တာတွေကို MZ Blog မှာ တင်ပေးဖို့ ကြိုးစားနေတယ်။ မနက်တိုင်း နည်းပညာဆိုင်ရာ သတင်း sites တွေ မဖတ်ရရင် မနေနိုင်သူ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>