Mandalay Barcamp that I know

Barcamp ?

Barcamp ဆိုတာ ဘာလဲ ဆိုတော့ ပုံမှန်ဆွေးနွေးပွဲ၊ အစည်း အဝေး တွေ ့ဆုံပွဲ စာတာတွေလို ကြိုတင်စီမံထားတဲ ့ခေါင်းစဉ်

တွေ ထားရှိချင်း မရှိဘဲ တက်ရောက်လာသူတွေက ပြောလာမယ့် ၊ပြောချင်တဲ့အကြောင်းအရာတွေကို တချိန်ထဲ တပြိုင်ထဲမှာ အများအပြား တင်ပြပေးနိုင်တဲ့နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတစ်ခုဖြစ်ပါတယ်

သင်ဟာ နည်းပညာ တစ်ခုခု စီးပွားရေးတစ်ခုခု ကို စွဲစွဲမြဲမြဲလုပ်ဖို ့လေ့လာနေဆဲ လူတစ်ယောက်လား ?

အောင်မြင်နေသော လူတစ်ယောက်လား ကျွန်တော်တို ့မန်းလေးဘားကန် မှာ မျှဝေပေးဖို့ ကြွရောက်လာခဲ့ပါ။

သင့်တွင်တစ်ခုခု သူ ့နဲ ့နယ်ပယ်တူရာလူတွေကို ဝေမျှပေးစရာ အတွေး တစ်စစ တစ်ခုခုရှိနေပါသလား ။Tips and tricks

ကောင်းကောင်းလေးတွေသင် တွေ ့ရှိထားပါသလား ။ ကျွန်တော်တို ့မန္တလေး ဘားကန် ့ကိုသာကြွခဲ့ပါ။

နည်းပညာတို ့ရဲ ့အသက် နည်းပညာတို ့ရဲ ့သတင်း နည်းပညာတို ့ရဲ ့အသုံးချ နေရာများကို ဆွေးနွေးဟောပြော ပေးချင်

နေပါသလား ။ မိမိတို ့လေ့လာနေတဲ့နယ်ပယ်ကို လူအများ စိတ်ဝင်စားလာအောင် လုပ်ဆောင်ဖို ့အခက်တွေ ့နေပါသလား

ကျွန်တော်တို ့မန္တလေး ဘားကန် ့ကိုသာကြွလာခဲ့ပါ။

မိမိတို ့စီးပွားရေး ကိုနောက်ဆုံးပေါ်နည်းပညာတွေနဲ ့လျှင်မြန်တိုးတက်နေတဲ ့အိုင်တီခေတ်ကြီးမှာ ထိုးဖောက်ချင်ပါသ

လား။ မိမိတို ့ကုန်ပစ္စည်းများကို clients တွေနဲ ့အစဉ်ထိတွေနေ စေနိုင်တဲ့ IT ပညာရပ်ကို အသုံးချဖို ့စိတ်ကူးနေပြီလား။

သင့် လုပ်ငန်းနဲ ့ပတ်သတ်ပြီးတစ်ခုခု အသစ်အဆန်းတွေ တွေ ့မြင်ချင်နေသလား။

ကျွန်တော်တို ့မန္တလေး ဘားကန် ့ကိုသာကြွလာခဲ့ပါ။

အကောင်းဆုံးသော ၀ါသနာတူတွေကို တွေ ့ချင်နေပါသလား။ တစ်ခုခု လုပ်ပြဖို ့စိတ်ကူးယဉ်နေတဲ့လူငယ်လေးများရှိပါသ

လား။ အောင်မြင်ပြီးသားဖြစ်တဲ့ကိုယ့်နယ်ပယ်ထဲက Contacts တွေလိုချင်ပါသလား ။ မိမိတို ့social network ကို ဒီထက်

ကောင်းမွန်တဲ့ သူငယ်ချင်းများထပ်ထည့်ချင်ပါသလား။ မြန်မာပြည်ရဲ ့အင်တာနက် နည်းပညာတွေကို ဦးဆောင်နေတဲ့

Developers တွေ Publishers တွေ Bloggers တွေနဲ ့တွေ ့ဆုံချင်နေပါသလား ။ အဆက်အသွယ်ရချင်နေပါသလား။

ကျွန်တော်တို ့မန္တလေးဘားကန် ့သို ့သာကြွလာခဲပါ။

မိမိတို ့ရဲ ့တစ်ခုခုသော -ism ကို ချပြချင်နေပါသလား။ မိမိတို ့နေထိုင်တဲ ့တွေ ့ခေါ်တဲ့ ပုံသဏ္႑ာန်တွေကိုသုံးသပ်ပုံတွေကို

လူတွေနဲ ့ထိတွေ ့စေချင်ပါသလား။ မိမိတို ့ရဲ ့ အတွေး စိတ်ကူးပုံရိပ်တွေ ဖန်တီးမှူတွေဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာ

သိပ္ပံနည်းကျ ရှင်းပြချင်ပါသလား ။

ကျွန်တော်တို ့မန္တလေးဘားကန် ့ကိုသာကြွလာခဲ့ပါ။

ပညာရပ်ဆိုင်ရာ ပွဲတစ်ခုဖြစ်ပေမယ့် သမရိုးကျ ပွဲကျင်းပပုံလေးတွေကနေ ခွဲထုတ်သွားပါတယ်။၀ါသနတူရာ ရည်မှန်းချက်

တူရာ လူတွေစုပြီး အတွေ ့အကြံု တွေ အသိပညာ တွေ ဖလှယ်ကြမယ့်ပွဲဖြစ်ပါသည်။ ဘားကမ့်ဆိုတာက ဟောပြောပွဲ

မဟုတ်။ သရုပ်ဖော်ပြသာခြင်းသက်သက်လဲမဟုတ် ။ဆွေးနွေးပွဲကြီးလည်းမဟုတ်။ Conference လိုမျိုးမဟုတ်တဲ့အတွက်

un-conference လို ့ခေါ်ပါတယ်။ ဘားကမ် ့မှာ Experts တွေ က Non experts တွေကို ဆရာလုပ်တဲ့ပုံမျိုးလဲမသွားပါ

ဘူး။လူတိုင်းမှာ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းလေးတွေ တပါးသူ ကို ဝေမျှလိုက်မယ့်အပိုင်းတွေ ကိုယ်စီရှိကြတယ်လို ့ Barcamp ကယူဆပါသည်။ အဲဒီ့အတွက် ပညာဖြန် ့ဝေခြင်း မော်ဒယ်ကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်မယ့် Event

ဖြစ်ပါသည်။

စီစဉ်ပုံ

ဘားကမ့်ပြုလုပ်သည့် ပွဲမှာ ဘယ်လို စီမံပေးထားသလဲဆိုလျှင် ဘားကမ် ့စီစဉ်သူများက တက်ရောက်လာပြီး မိမိပြောလို၊

ဆွေးနွေးလိုသည့် အကြောင်းအရာများကို သီသန် ့တင်ပြနိုင်အောင် အခန်းများစီမံပေးထားမည်။ ပြောလိုသည့်သူများ

သည်မိမိတင်ပြပြောဆိုလိုသော အကြောင်းအရာများကို ပွဲအတွင်း အစီအစဉ်ကြေငြာ ပုန်းမှာ လွတ်လပ်စွာလာရောက်ပြီး ၊

မိမိအစီအစဉ် နှင့်လာရောက်ကပ်ထားနိုင်ပါသည်။ ထို သင်ပုန်းတွင်စီစဉ်ထားသော အခန်းနံပတ်များနှင့်အချိန်တွေကို

ဖော်ပြပေးထားမှာဖြစ်ပါသည်။ ဒီလိုလာရောက် ကပ်ထားနိုင်ဖို ့ဘားကမ် ့စီစဉ်သူတွေနှင် ့ကူညီသူတွေက တက်ရောက်

လာသူတွေကို ကူညီပေး မှာဖြစ်ပါတယ်။

ဘားကမ် ့မှာ စည်များ ဘောင်များ agenda များ အား အနည်းငယ် ထိန်းညှိပြီး လွတ်လပ်စွာဆွေးနွေးဖလှယ်ကြပြီး ဆွေး

နွေးပွဲရဲ ့ခေါ်ဆောင်ရာကို အလိုက်သင့် လိုက်သွားရုံသာဖြစ်ပါတယ်။ဘားကမ့်ရဲ ့အသက်ကတော့ Participating ကိုယ်

တိုင်ပါ၀င်ခြငး်ပါပဲ။ဘေးကနေ ကြည့်နေမယ်လူမျိုးတွေမပါ၀င်ပါ။

ပြုလုပ်မည့်နေရာ

innwa

မန္တလေးမြို ့ကျံုးအရှေ ့ဘက် အင်းဝဟိုတယ်တွင်ပြုလုပ်မည်ဖြစ်ပါသည်။

BarCamp Mandalay အား 12th ~ 13th Feb 2011 တွင် မနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ နှစ်ရက်တိုင်တိုင်

ကျင်းပပေးမှာဖြစ်ပါတယ်။

သံယောဇဉ်မင်း

သံယောဇဉ်နန်းတော်

One Reply to “Mandalay Barcamp that I know”

Leave a Reply to fb_100000445833126 Cancel reply

Your email address will not be published. Required fields are marked *