11
2011
CSS Myanmar EBook
ဒီစာအုပ်ကို ရေးတာ ဘယ်လောက် ကြာလို့ ကြာသွားမှန်းတောင် မသိတော့ဘူး။ သေချာတာကတော့ ၁ နှစ်ကျော်သွားပြီဆိုတာပဲ။ ၁ နှစ်အတွင်းမှာ အားတဲ့ အချိန်တွေမှာ တဖြည်းဖြည်းခြင်းရေးခဲ့တာ အခုတော့ ပြီးသွားပါပြီ။ ကျွန်တော် ရေးတဲ့အချိန်တုန်းက CSS 3 က ပေါ်ကစဖြစ်ပြီး browser အားလုံး support မလုပ်သေးပါဘူး။ ဒါကြောင့် အခု CSS စာအုပ်မှာ CSS 3 အကြောင်းမပါလာခဲ့ပါဘူး။ စာလုံးပေါင်းမှားနေတာ ရေးထားတာမှားနေတာတွေကို ဝေဖန်ထောက်ပြနိုင်ပါတယ်ဗျာ။ Download
22
2010
JSON with javascript
Json ဆိုတာကတောာ့ avaScript Object Notation ဖြစ်ပြီး အခုနောက်ပိုင်း အသုံးများတဲ့ format ဆိုလည်း မမှားပါဘူး ။ web developer ဆိုရင်လည်း json ကို သိထားသင့်ပြီး iOS developer တွေ အနေနဲ့လည်း apple က plist နဲ့ တူတဲ့ အတွက်ကြောင့် သိထားသင့်ပါတယ်။json ကို JavaScript မှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။ အခြား ဘာ addon မှ မလိုပဲ အသုံးပြုနိုင်သလို php မှာလည်း ပါပြီးသားပါ။ language တော်တော်များများမှာတော့ JSON ကို ထည့်သွင်းလာပါတယ်။ နောက်ပြီး web api တွေ အများစုကလည်း json ကို အသုံးပြုပါတယ်။ facebook ရဲ့ graph api ဆိုလည်း JSON ပါပဲ။
12
2010
Writing jQuery Plugin Tutorial
jQuery မှာ plugin တွေ ဘယ်လောက် အသုံးဝင်သလဲဆိုတာ သိမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း jquery plugin တွေ ရေးလို့ရပါတယ်။ plugin ဆိုတာကလည်း function လိုပါပဲ။ ကျွန်တော်တို့ ထပ်ခါ ထပ်ခါလုပ်နေရတာကို လွယ်ကူအောင် ဖန်တီးပေးတာပါ။ ဥပမာ။။ အောက်က code လေးကို ကြည့်လိုက်ပါ။ အဲဒီမှာ changecolor ဆိုတဲ့ function လေး ရေးထားပါတယ်။ အဲဒါကို ကျွန်တော်တို့ plugin ပြောင်းကြည့်ရအောင်။ function ခေါ်ရေးရင် ရပေမယ့် user friendly ဖြစ်သွားအောင် plugin ပြောင်းရေးတာပါ။ plugin ပြောင်းရေးလိုက်ရင် ကျွန်တော်တို့ အောက်ကလို ပြောင်းပြီး ခေါ်လို့ရသွားမှာပါ။ [lang name="js"] $("#sample").bgcolor(); $("#sample2").bgcolor({ value:"#FF00FF" }); [/xhtml] ပိုပြီး user friendly ဖြစ်ပြီး code ကြည့်လိုက်တာနဲ့ နားလည် လွယ်တာပေါ့။ အရင်ဆုံး bgcolor.js မှာ အောက်ကလို ရေးလိုက်ပါတယ်။ အဲဒါက jquery plugin ရေးဖို့ပေါ့။ [...]
15
2010
HTML , CSS Myanmar Ebook
Planet Creator ရေးထားတဲ့ စာအုပ်ဖြစ်ပြီး HTML နဲ့ CSS ကို အခြေခံမှ စပြီး သေသေချာချာ ရေးထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။ စာမျက်နှာပေါင်း ၁၉၇ မျက်နှာ ပါရှိပြီး နားလည် သဘောပေါက်အောင် ရှင်းလင်းထားတဲ့အတွက် လေ့လာတဲ့သူတွေအတွက် အတော့်ကို အသုံးဝင်မယ့် စာအုပ်တစ်အုပ်ပါ။ http://www.worldwidemyanmar.com/news/headline/423-myanmar-version-html-css-ebook.html မှာ သွားရောက်ယူနိုင်ပါတယ်။
11
2010
HTML5
HTML 5 ဆိုတာကတော့ အခုနောက်ပိုင်း ခေတ်စားလာပါတယ်။ အခုနောက်ပိုင်း Browser တွေဟာ HTML5 ကို support လုပ်လာပါပြီ။ နောက်ပိုင်းမှာ website တွေဟာ HTML5 ကို အဓိက အသုံးပြုတော့မှာပါ။ HTML5 ဆိုတာဘာလဲ။ HTML5 က ဘာတွေ ထူးလဲ။ HTML5 ကို ဘယ်မှာလေ့လာလို့ရမလဲ။ HTML 5 ~= HTML 5 + jsAPI + CSS3 လို့ ဆိုလို့ရပါတယ်။ HTML ဆိုတာက tag တွေပါပဲ။ ထူးထူးခြားခြားရယ်လို့ မရှိလာပေမယ့် HTML5 နဲ့ အတူ တွဲပါလာတဲ့ javascript API အသစ်တွေနဲ့ CSS3 က ထူးခြားမှုတွေ ဖြစ်စေပါတယ်။
26
2010
CSS – Part 3 : Text Formating
Text formatting ဆိုတာကတော့ စာလုံးတွေကို အရောင်ထည့်တာတွေ နောက်ပြီး font တွေပြောင်းတာ alignment လုပ်တာ စတာတွေကို css ကို ဆောင်ရွက်လို့ရပါတယ်။ Text Color text color ကိုတော့ CSS မှာ color လို့သုံးပါတယ်။ အောက်မှာ ဥပမာ ကြည့်ပါ။ လို့ဆိုရင် body စာလုံးတွေက အနီရောင်နဲ့ ပြပေးမှာပါ။ Text alignment text alignment ကတော့ left, right , center,justify ဆိုပြီး သတ်မှတ်ပေးတာပါ။ ကျွန်တော်တို့ html မှာက align နဲ့ လုပ်ခဲ့တာ မှတ်မိအုံးမယ်ထင်ပါတယ်။ CSS မှာကတော့ left ကတော့ default ပါ။ ဒါလေးတွေက လွယ်သေးတော့ ကိုယ့်ဘာသာ ကိုယ်စမ်းကြည့်လိုက်ပါ။ Text Transformation ကျွန်တော်တို့တွေ HTML မှာ upper case တွေ lower case တွေပြောင်းချင်ရင် စာတွေ ပြန်ပြင်ရိုက်ရပါတယ်။ CSS သုံးရင် အဲလို [...]
24
2010
Cheat Sheet For Web Essential
Cheat Sheet ဆိုတာကတော့ ကျွန်တော်တို့တွေ ပုံမှန် များပြားလှတဲ့ reference တွေကို လိုအပ်ပြီး အသုံးဝင်တာတွေ စုစည်းထားတာကို ဆိုတာပါ။ တနည်းပြောရင် quick reference လို့ ဆိုလို့ရပါတယ်။ ကျွန်တော် HTML, CSS , jQuery အကြောင်း MZ Edu မှာ ရေးခဲ့ဘူးပါတယ်။ အခု Web Development လုပ်မယ့်သူတွေအနေနဲ့ HTML, CSS , jQuery တို့ကို သိထားဖို့လိုအပ်ပါတယ်။ ရေးသားရာမှာလည်း လွယ်လွယ်ကူကူ reference လုပ်လို့ရအောင် cheat sheet လေးတွေ ဆောင်ထားဖို့လည်း လိုအပ်ပါတယ်။
23
2010
HTML5 Form
HTML အကြောင်းကို ကျွန်တော် ရေးခဲ့ပြီးပါပြီ။ ရေးထားခဲ့တဲ့ စာအုပ်က HTML4 အကြောင်းပါ။ အခု HTML5 မှာ ပါဝင်လာတဲ့ feature တွေထဲက form အကြောင်း ထပ်မံဖြည့်စွက်ထားပါတယ်။ Placeholder textbox မှာ စာမဖြည့်ခင် textbox information ပြထားချင်တဲ့အခါမှာ အရင်တုန်းက jquery ကို သုံးပြီးရေးရတယ်။ အဲဒီလို ရေးမယ့် အစား HTML5 မှာ placeholder ဆိုတဲ့ attribute ကို သုံးလို့ရပါတယ်။ code ကိုတော့ ဒီလိုရေးတယ်။ အဲဒီ code လေးက လက်ရှိ webkit borwser တွေမှာ အလုပ်လုပ်ပါတယ်။ Firefox 3.6 မှာတော့ အလုပ်မလုပ်သေးပါဘူး။ နောက်ပိုင်း version တွေမှာတော့ အလုပ်လုပ်မယ်ထင်တယ်။ Required require validation စစ်ဗျို့အတွက် ကျွန်တော်တို့တွေ jquery ဖြစ်ဖြစ် javascript ဖြစ်ဖြစ် ရေးပြီး စစ်ခဲ့ရပါတယ်။ အခု HTML5 မှာ require ဆိုတဲ့ attribute နဲ့ [...]
13
2010
CSS – Chapter 2
Chapter 2: CSS Styling CSS မှာ property က အများကြီးရှိပါတယ်။ အရင် chapter တုန်းကတော့ color property နဲ့ပဲ ဥပမာ ပြသွားပါတယ်။ CSS Background Background ကို မပြောခင် background နဲ့ လုပ်ထားတဲ့ CSS လေးကို ပြပါတယ်။
20
2010
CSS (Cascading Style Sheet)
IntroCSS ဆိုတာကတော့ Web Essential ပိုင်းမှာ မသိမဖြစ် လိုအပ်ပါတယ်။ Web ပိုင်းမှာ HTML တစ်ခုတည်းတတ်နေရုံနဲ့ မရပါဘူး။ HTML က သင့် site တစ်ခုလုံးကို လှသွားအောင် ဆောက်ရွက်ပေးနိုင်မှာမဟုတ်ဘူး။ CSS ကို HTML တတ်ပြီးတဲ့သူတိုင်း အလွယ်တကူ လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့တွေ Internet website တွေမှာ မြင်နေရတဲ့ site တွေ အားလုံးဟာ CSS ကို အသုံးပြုထားပါတယ်။ HTML နဲ့ တည်ဆောက်ပြီး လှပအောင် တန်ဆာဆင်ဖို့ CSS ကို လေ့လာထားဖို့လိုအပ်ပါတယ်။ကျွန်တော့်အနေနဲ့လည်း ဘယ်လိုရေးရလဲဆိုတဲ့ အခြေခံနဲ့ ဘာတွေ ရှိတယ်။ ဘာတွေ သုံးလို့ရလဲဆိုတော့ ကိုပဲ ရှင်းပြပေးနိုင်ပါတယ်။ CSS ဟာကျယ်ပြန့်ပြီးတော့ ကိုယ့် အတွေးအခေါ် ကိုယ့် design ပေါ်မှာ မူတည်ပြီး site ရဲ့ design ကလည်း ပြောင်းလဲသွားတာပါ။ Chapter 1: CSS Basic CSS SyntaxCSS ကို ရေးသားပုံက HTML နဲ့ [...]
17
2009
HTML By Ccrazy
Web Page များကိုရေးသားခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သော HTML (Hyper Text Markup Language) နှင့် CSS (Cascading Style Sheet) ဆိုင်ရာ လေ့ကျင့်ခန်းများကို (W3 Schools) မှ ဘာသာပြန်ဆိုတည်းဖြတ်၍ အတတ်နိုင်ဆုံး စုံလင်အောင် လေ့လာ ပြုစု တင်ပြထားသည်။ နည်းပညာလမ်းကြောင်းပေါ်မှာ အခြေခံအကျဆုံး အရိုးရှင်းဆုံးနဲ့ နားလည်အလွယ်ဆုံး Webpage ရေးနည်းကိုပြပါဆိုရင် HTML ပဲရှိပါတယ်... ဒါကိုနားမလည်ရင်.. ဘာမှ အလုပ်မဖြစ်ပါဘူး Pro မဖြစ်နိုင်ပါဘူး... ဘာပဲဖြစ်ဖြစ် ကြားနာမှတ်သားဖူးသမျှ ဝေမျှပါတယ်.. နားလည်ပြီးသူများအတွက် မရည်ရွယ်ပါ.. စတင်လေ့လာလိုသူများအတွက်သာ အထူးဦးတည် ရေးသားတာဖြစ်ပါတယ်.. ကျွန်တော် သိလွန်းလို့မဟုတ်ပါ.. အထက်မှာ ဆိုခဲ့သလို “ဧဝံမေ သုတံ ” ပါလို့ ထပ်ပြီး ၀န်ခံပါရစေ...
12
2009
Learning Jquery 1.3
Chapter 2 : Selector Jquery မှာ CSS မှာ အသုံးပြုတဲ့ selector တွေကို အသုံးပြုထားပြီး CSS လို့ Doucment Object Model (DOM) တွေကို မြန်မြန်ဆန်ဆန် ထိထိရောက် ခေါှယူနိုင်အောင်ပေါ့။ ဒီ Chapter မှာတော့ Selector တွေအကြောင်းပြောပြပြီး Jquery ရဲ့ ကိုယ်ပိုင် selector အနည်းငယ်ကိုလည်း ပြောပြသွားမှာပါ။ The Document Object Model Jquery မှာ အရမ်းကောင်းမွန်တဲ့ အပိုင်းတစ်ခုပါ။ DOM ထဲမှာ ရှိတဲ့ elements တွေကို လွယ်လွယ်ကူကူ selecting လုပ်လို့ရတယ်။ Document Object Model ဟာ အစီအစဉ်တကျ ရှိတဲ့ family-tree structure ပါ။ HTML ဟာ အခြား markup language တွေလိုပဲ DOM ကို အသုံးပြုထားပါတယ်။ ကျွန်တောှတို့ဟာ same terminology ကို အသုံးပြုပြီး family relastionship တွေကို [...]
8
2009
HTML
ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။ ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepage များကို အလွယ်တကူ ယူဆောင်နိုင်လေပြီ။ Internet ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။ အလွယ်ရှင်းရရင်တော့ Internet ဆိုတာ ကမ္ဘာ ပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသော Network ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။ ရေးသားထားတဲ့ Web Page တွေကို Web Browser Software နဲ့ ကြည့်ရှုရပါတယ်။ Web Broswer Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။ ဒါကြောင့် web site တွေကို ဖန်တီးရာမှာ အခြေခံအကျဆုံး HTML ကို စာအုပ်လေးရေးသားထားပါ့တယ်။ Size သေးအောင် 7Zip နဲ့ချံု့ထားပါတယ်။ ဒါကြောင့် 7Zip ကိုသွင်းဖို့တော့ [...]
6
2009
Learning Jquery 1.3
Chapter 1 : Getting Start အခုအချိန်မှာတော့ Web လောကမှာ dynamic တွေဖြစ်ကုန်ပြီး site တွေကို ဆွဲဆောင်မှုရှိလာအောင် interactive ဖြစ်လာအောင် developer တွေက ဖန်တီးလာတယ်။ အဲဒီလို ဖန်တီးရာမှာ လွယ်ကူလာအောင် JQuery လိုမျိုး javascript library တွေ အသုံးပြုလာတယ်။ Jquery ဟာ javascript library ဖြစ်ပြီး အခုအချိန်မှာ လူတောှတောှများများ အသုံးပြုရွေးချယ်နေကြပါတယ်။ Jquery မှာ function တွေအများအပြားရှိပြီးတော့ အခြား plugin တွေများပြားလို့လည်း လူသုံးများလာတယ်ဆို မမှားပါဘူး။ Jquery ဟာ HTML သာမက Cascading Style Sheets (CSS) တို့မှာရှိတဲ့ function တွေကို ခေါှပြီး အသုံးပြုလို့ရတယ်။ JQuery ကို အသုံးပြုမယ်ဆိုရင် programming skill အနည်းငယ်ရှိရမှာ ဖြစ်ပြီး web developers တွေအနေနဲ့ကတော့ programming experience ရှိပြီး javascript တတ်ကျွမ်းထားပြီးတွေ ဖြစ်တဲ့အတွက်ကြောင့် web developer [...]

An article by
