Browsing articles in "Web Development"
Jul
9
2011

Making Todolist with node.js and mongo Part VII

nodefature

အခု task တစ်ခု ပြီးသွားတဲ့ ကိစ္စကို သွားရအောင်။ Done ကို နှိပ်လိုက်တာနဲ့ /done/:id ကို သွားမယ်။ ပြီးရင် ပြန်လာမယ်။ ဒါကြောင့် အောက်ကလို ရေးလိုက်တယ်။ ပြီးတဲ့ အခါ ကျွန်တော်တို့မှာ closeByid မရှိသေးဘူး။ closeByiD က username နဲ့ task id ပေါ်မှာ မူတည်ပြီး done ကို 1 ဆိုပြီး update လုပ်ပေးရမယ်။ ဒါကြောင့် set ကို သုံးပြီး current id သိအောင် $.done နဲ့ သုံးရမယ်။ code ကို အောက်မှာ ကြည့်လိုက်ပါ။ dataprovider.js မှာ အောက်ကလို ဖြည့်လိုက်တယ်။

Jun
20
2011

Making Todolist with node.js and mongo Part V

mongodbfeature

ရှေ့ပိုင်းမှာတော့ value တွေ ထည့်တာ task အသစ်ထပ်ဖြည့်တာတွေကို ပြောပြီးပါပြီ။ အခု Mongodb ကိုပဲ ရှေ့ဆက်ရအောင်။ Update Value အခု ကျွန်တော်တို့တွေ Task တစ်ခု done ဖြစ်သွားတဲ့ အခါမှာ done ကို 1 ပြောင်းပေးပါမယ်။ ဒီတော့ လက်ရှိ object ကို update လုပ်ရပါမယ်။ ဆိုပြီး ရိုက်လိုက်ပါ။ todo.id ဆိုတာက todo အောက်က id field ကို ညွှန်းလိုက်တာပါ။ id က 1 ဖြစ်ရမယ်ဆိုပြီး ညွှန်းလိုက်တာပါ။ $set ကတော့ ပြန်ပြင်ဖို့ပေါ့။ todo.$.done ဆိုတာကတော့ ကျွန်တော်တို့ ရှာတွေ့ထားတဲ့ array number အောက်က done field ကို 1 လို့ ပြင်လိုက်တာပါ။

Jun
12
2011

Making Todolist with node.js and mongo Part IV

mongodbfeature

အခုဆိုရင်တော့ mongodb ကို နည်းနည်း သဘောပေါက်သွားလောက်ပါပြီ။ အခု project structure ကို ရှင်းပြပါမယ်။ Project က Task တွေကို add မယ်။ Task Done ဖြစ်သွားရင် မှတ်ထားမယ်။ မလိုအပ်တဲ့ task တွေကို ပြန်ဖျက်မယ်။ ဒီတော့ data ကို အောက်ပုံစံနဲ့ သိမ်းလိုက်ပါတယ်။ data တွေကို username ပေါ်မှာ မူတည်ပြီး သိမ်းလိုက်ပါတယ်။ todo ကို array နဲ့ သိမ်းပါမယ်။ ဖြစ်မပြီးကို သိဖို့ အတွက် done ကို 0 နဲ့ 1 သတ်မှတ်ပါမယ်။ နောက်ဆုံး သိမ်းထားတဲ့ id နံပတ်ကို သိအောင် lastid နဲ့ သိမ်းထားလိုက်ပါတယ်။ MySQL မှာ auto increment မပါတဲ့အတွက် အသစ်ဖြည့်တာ အခါမှာ id ကို ကိုယ့်ဘာသာ ကိုယ် တိုးဖို့အတွက် သိမ်းခဲ့တာပါ။ Install Mongodb အရင်ဆုံး mongodb ကို [...]

Jun
5
2011

Making Todolist with node.js and mongo Part II

nodefature

အပိုင်း၁ မှာတော့ Node.js ဆိုတာ ဘာလဲ။ ဘယ်လို သွင်းရလဲ စတာတွေကို ရေးပြခဲ့ပြီးပါပြီ။ နောက်ပြီးတော့ hello world ဥပမာလေးလည်း ရေးပြခဲ့ပါတယ်။ သို့ပေမယ့် code လေးတွေကို မရှင်းပြရသေးပါဘူး။ အခု Hello World ရေးထားတဲ့ code လေးကို လေ့လာရအောင်။ ဆိုတဲ့ code မှာ require ဆိုတာကတော့ php မှာ include ခေါ်သလို python မှာ import လုပ်သလိုပေါ့။ Node.js မှာတော့ require က module တွေ ခေါ်တာပေါ့။ Module ဆိုတာက Node.js မှာ အရန်သင့် အသုံးပြုရန် အတွက် ရေးထားတဲ့ library တွေပါ။ System မှာ default ပါတဲ့ module တွေ ကို ခေါ်ပြီး အသုံးပြုလို့ရသလို Third Party Module တွေကိုလည်း ခေါ်ပြီးသုံးလို့ရပါတယ်။ Node.js မှာပါတဲ့ module အကြောင်းတွေကို ဒီမှာ ဖတ်နိုင်ပါတယ်။ [...]

Jun
3
2011

Making Todolist with node.js and mongo Part I

nodefature

Node.js နဲ့ Mongodb ကို အသုံးပြုပြီးတော့ Todo list လေး တစ်ခု တည်ဆောက်ပုံကို ရေးပြပါမယ်။ Todo list မှာ ဘာ feature တွေ ပါမလဲဆိုတော့ ထည့်မယ်။ ဖျက်ပြီ။ ပြီးသွားတဲ့ task တွေကို done လုပ်တာ ပါမယ်။ ဒီလောက်ပါပဲ။ Node.js အရင်တုန်းကတော့ Javascript ဆိုတာ web browser client side တွေမှာ အလုပ်လုပ်တဲ့ script ပါ။ အခုအခါမှာတော့ Google V8 ကြောင့် Javascript ကို server side မှာ အသုံးပြုလို့ရလာပါပြီ။ Node.js ဟာ Google V8 ကို အသုံးပြုထားတဲ့ Event I/O framework ပါ။ Node.js က အရမ်းကို မြန်ပါတယ်။ PHP ထက်လည်း မြန်ပါတယ်။ နောက်ပြီးတော့ Real Time application တွေ ဖြစ်တဲ့ Friendfeed , Google [...]

Feb
28
2011

PHP Developer ကောင်း မပီသခြင်း Part II

bad-php-programmer

အပိုင်း ၁ ကို ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။ ကိုယ့် coding ကို အားကိုးလွန်းခြင်း တချို့ ကိစ္စတွေမှာ ရိုးရိုးလေးနဲ့ အရှည်ကြီး ရေးရမယ့် coding နဲ့ သင့်ရဲ့ trick နဲ့ တိုတို လေး ရေးလိုက်လို့ရတာတွေ ရှိပါတယ်။ လူတိုင်း နီးပါးကတော့ ကိုယ်ပိုင် trick လေး သုံးပြီးရေးလိုက်ချင်တာပဲ။ သို့ပေမယ့် သင့် code က ပြန်ဖတ်တဲ့ အခါမှာ အရမ်းကို ရှုပ်ထွေးလွန်းနေပြီး သင်တစ်ယောက်တည်းသာ နားလည်နိုင်တယ်ဆိုရင်တော့ သင်ဟာ Developer ကောင်း ပီသတဲ့ သူမဟုတ်တော့ဘူး။ လူတိုင်းက သင့်လို မတော်ပါဘူး။ သင်ရေးတဲ့ code က သင့်တစ်ယောက်တည်း အတွက်ဆိုရင် ကိစ္စမရှိပေမယ့် နောင်တချိန် အခြားလူတစ်ယောက်က ပြန်ပြင်ရမယ်ဆိုရင်တော့ မသုံးသင့်ဘူးပေါ့။ ပြန်ပြင်တဲ့လူက သင့် code ကို လုံးဝ နားမလည်ဘူး သို့မဟုတ် သင့်လောက် မတတ်ဘူး မတော်ဘူးဆိုရင်တော့ သင့်ကို ပြန်မေးတာတွေကို သင်ပြန်ဖြေနေရလိမ့်မယ်။ လူတိုင်းက သင့်လောက် မတော်ပါဘူး။ ဒါကြောင့် ရိုးရှင်းပါ။

Feb
26
2011

PHP Developer ကောင်း မပီသခြင်း

bad-php-programmer

PHP ကို တတ်ကျွမ်းနားလည်ပြီး ကောင်းကောင်းမွန်မွန်ရေးတတ်ရုံနဲ့ တကယ်တော်တဲ့ PHP Developer အနေနဲ့ မသတ်မှတ်နိုင်ပါဘူး။ code တွေ လန်ပျံနေအောင် ရေးတတ်ပါစေ အချို့ အချက်တွေက Developer ကောင်းလို့ သတ်မှတ်ခြင်း မခံရစေပါဘူး။ ဘာအချက်တွေက သတ်မှတ်လို့မရဘူးလဲ။ Coding မရေးခင် ဘာမှ မစဉ်းစားထားခြင်း Coding တစ်ခု စရေးတော့မယ်ပဲ ဖြစ်ဖြစ် project တစ်ခု စရေးတော့မယ်ဖြစ်ဖြစ် ဘာတွေ လုပ်မလဲ။ ဘယ်အဆင့်တွေကို ရေးမလဲဆိုတာကို ကြိုတင် list မလုပ်ထားဘူး။ လက်တန်း ချရေးနိုင်လို့ လက်တန်း ချရေးမယ်ဆိုရင်တော့ အဲဒီလူက တကယ်တော်တဲ့ PHP Developer မဟုတ်တော့ပါဘူး။ Developer ကောင်းတွေက မရေးခင်မှာ ဘာတွေ ပါမလဲဆိုတာကို အရင်စဉ်းစားထားပါတယ်။ UML မဆွဲဖြစ်ချင်ရင်တောင် Todo list ကို အနည်းဆုံးတော့ ပြင်ထားပါတယ်။ အချို့ Developer ကောင်းတွေက အရင်ဆုံး comment တွေ တောင် ကြိုပြီးရေးထားတတ်သေးတယ်။ ဒါကတော့ ဥပမာ အနေနဲ့ ပြထားတာပါ။ ဘာ code [...]

Feb
16
2011

PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက် – အပိုင်း ၂

php10

အပိုင်း ၁ ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ ၆။ သင့်အတွက် အသုံးဝင်မယ့် Snippet တွေကို သိမ်းထားပါ Coding တွေရေးတဲ့အခါမှာ ထပ်ခါထပ်ခါ ပြန်သုံးနေရတာတွေ ရှိပါတယ်။ ဥပမာ။ File read / write လိုမျိုး ၊ ဒါမှမဟုတ် mysql connect ချိတ်တာမျိုးတွေပေါ့။ အဲလိုမျိုး code တွေကို ပြန်စဉ်းစား ပြန်ရေးနေမယ့်အစား အသုံးဝင်မယ့် code အပိုင်းတွေကို သိမ်းထားသင့်ပါတယ်။ အသုံးဝင်တဲ့ App တွေကတော့ Snippet, snippely, Code Collector စတာတွေပေါ့။ Snippely က လွဲလို့ ကျန်တာတွေက Mac app တွေပါ။ Snippely တစ်ခုပဲ free ရပါတယ်။ Windows, Mac , Linux အားလုံးအတွက် jcodecollector ရှိပါတယ်။

Feb
13
2011

PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက်

php10

PHP ဟာ လူသုံးများတဲ့ web development language တစ်ခုပါ။ 20 millions domain လောက်က PHP ကို အသုံးပြုထားပြီး wikipedia, facebook စတဲ့ နာမည်ကြီး site တွေအပြင် WordPress , Drupal , Joomla စတာတွေကလည်း PHP နဲ့ ရေးသားထားတာပါ။ အခု ဆောင်းပါးမှာတော့ PHP Developer တွေ ပိုအကျိုးရှိစေမယ့် အချက် ၁၀ ချက်ကို ဖော်ပြပေးသွားပါမယ်။

Jan
18
2011

The anatomy of a WordPress theme

anatomywp

wordpress theme တစ်ခု ဖန်တီး ဖို့အတွက် wordpress theme တည်ဆောက်ပုံကို သိထားဖို့ လိုအပ်ပါတယ်။ အောက်ကပုံမှာ wordpress theme တစ်ခု တည်ဆောက်ဖို့ ဘာတွေ လိုအပ်သလဲ။ နောက်ပြီး ဘယ် file တွေက ဘာတွေ အတွက်လဲ ဆိုတာကို ရှင်းလင်း ပြထားပါတယ်။ WordPress Theme တစ်ခုလုံးကို ရှင်းလင်း လွယ်ကူစွာ နားလည်သွားစေနိုင်တဲ့ ပုံဆိုလည်း မမှားပါဘူး။

Nov
21
2010

Real-time web applications

realtime

အခုအချိန်မှာ real-time web applications ဆိုတာက မြန်မာနိုင်ငံနဲ့ အလှမ်းကွာသေးပေမယ့် သိသင့်ပါတယ်။ အထူးသဖြင့် google doc က အကောင်းဆုံး real-time web applications ပါပဲ။ ဒီဘက်က စာရိုက်လိုက်တာနဲ့ ဟိုဘက်မှာ ချက်ခြင်း သွားပေါ်တယ်။ Real-time web applications က chat လိုမျိုး web applications တွေမှာ တော်တော်ကို အသုံးဝင်ပါတယ်။ real time chatting ပေါ့ဗျာ။ သာမာန် သမာရိုးကျ နည်းလမ်းက ဟိုးအရင်တုန်းကတော့ iframe သုံးပြီး refresh ကို ၅ စက္ကန့် တစ်ကြိမ် လုပ်ကြတယ်။ နောက်ပိုင်း ajax ပေါ်လာတော့ iframe အစား ajax နဲ့ ၅ စက္ကန့် တစ်ခါ refresh လုပ်ရပြန်တယ်။

Aug
28
2010

PHP Myanmar Ebook

PHP ကို အခုမှ စလေ့လာမယ့်သူများအတွက် မိုးမြင့်ရှိန်ရေးထားတဲ့ စာအုပ်လေး မျှဝေလိုက်ပါတယ်။ PHP ရဲ့ အခြေခံနဲ့ ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံလေး မြန်မာလိုရေးပေးထားတဲ့အတွက် မြန်မာစာအုပ်မှ ဖတ်ချင်တယ်ဆိုတဲ့ သူများအတွက် အဆင်ပြေမယ့် စာအုပ်တစ်အုပ်ပါ။ http://www.mediafire.com/?bika34i9w48f93a

Jun
9
2010

MVC

MVC ဆိုတာကတော့ Model View Controller ဆိုတာ သိပြီးသားပြီးသားပါ။ ဒါပေမယ့် MVC ကို programming နဲ့ ရောထွေးနေကြတယ်။ MVC ဆိုတာ pattern တစ်ခုပါ။ Software Engineering မှာ အသုံးပြုတဲ့ architectural pattern လို့ဆိုရလိမ့်မယ်။ ဒါကြောင့် သူ့ကို Language တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ နောက်ပြီး framework တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ ဒါပေမယ့် သဘောတရားနဲ့ အနှစ်သာရကတော့ အတူတူပဲ။ CodeIgniter ရေးတတ်တာနဲ့ MVC ဆိုတာ ဒီလို ရေးရပါလားလို့ ထင်ရင်တော့ မဟုတ်ပါ။ CodeIgniter မှာ MVC ကို ရေးပုံနဲ့ Symfony မှာ ရေးပုံက မတူဘူး။ နောက်ပြီး iPhone SDK ကလည်း MVC ပဲ။ ဒါပေမယ့် တည်ဆောက်ပုံတွေ မတူဘူး။

Oct
24
2009

PHP Basic

What is PHP PHP ဆိုတာ Hypertext Preprocessor ဖြစ်ပါသည်။ PHP သည် server-side scripting language တစ်ခုဖြစ်သည်။ နောက်ပြီး open source software လည်းဖြစ်သည်။PHP ကို Linux, Windows အစရှိတဲ့ OS တွေမှာအသုံးပြုနိုင်ပါတယ်။PHP support လုပ်တဲ့ database တွေလည်း အများကြီး ရှိပါတယ် ဒီထဲကမှ တချို့ ကိုပြောပြရရင် (MySQL,Oracle,PostgreSQL,Sybase) စသဖြင့်ပေါ့ ။ How to work PHP PHP သည် server-side ဖြစ်လို့သူအလုပ်လုပ်တာကိုမမြင်ရပါဘူး။သူ့လုပ်ဆောင်ချက်က Client ဘက်(Browser) နဲ့ database  တို့ကိုချိတ်ဆက်ပေးတာပေါ့။ ဥပမာဆိုရရင်... ရေတွင်း၊ရေလှည်းနဲ့ ရေခပ်တဲ့ကြိုး နဲ့ ပုံး ပေါ့။ ရေလှည်းထဲကို ရေဖြည့်မယ်ဆို ရေတွင်းထဲက ရေကိုကြိုးနဲ့ပုံးမပါဘဲ ခပ်လို့မရပါဘူး။ ဒီနေရာမှာ ရေတွင်းဆိုတာက database ၊ရေလှည်းဆိုတာက Browser ၊ ပုံးနဲ့ကြိုးဆိုတာ PHP ပေါ့။