Browsing articles in "Ruby"
Oct
9
2009

အသုံးချ Ruby

၁ အဖွင့်။ ၁.၁ နိဒါန်း။ ယခု Rubyသင်ခန်းစာများကို Mystery Zillion Education Site(http://www.edu.mysteryzillion.org) အတွက် ရည်ရွယ် ရေးသားပါသည်။သင်ခန်းစာ စီစဉ်ရေးသားသော်လည်း၊ ကျွန်ုပ်ကိုယ်တိုင် Ruby အပါအဝင် အခြားprogramming language များကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသူမဟုတ်ပါ။ကိုယ်သိသလောက်၊ မှတ်သလောက်၊ တတ်သလောက် နှင့် ကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်ကို ညှိနှိုင်း ခြင့်ချိန် ရေးသားပါသည်။ ထို့ကြောင့် အမှားပါရင်ခွင့်လွှတ်ဖို့ စကား ပလ္လင် ခံရပါသည်။ ကျွန်ုပ်သည် စာရေးဆရာ တစ်ယောက်လည်းမဟုတ်သဖြင့် ရေးသားပုံ ည့ံဖျင်းလျှင်လည်း ပွင့်လင်းစွာဝေဖန် အကြံပေးနိုင်ပါသည်။ သင်ခန်းစာပါ အကြောင်းအရာများ၊ အရေးအသား များကို၊ စာရှုသူများ၏တုံ့ပြန်မှုပေါ်မူတည်၍၊ ဆက်တိုက် ပြုပြင်၊ မွမ်းမံ ရေးသား သွားမည်ဖြစ်ပါ၍အဖက်ဖက် မှ ကောင်းမွန်စေရန်၊ စာရှုသူများ၏ ကိုယ်တိုင် ပါ၀င်၊ ဝေဖန်အကြံပေးမှု များ အထူးလိုအပ်ပါသည်။