13
2011
1 million downloads , Wunderlist
Todo list တွေ လုပ်ထားတတ်တဲ့ အကျင့်ရှိပါသလား။ Project တွေအလိုက် ခွဲပြီး Todo list တွေ အသုံးပြုသလား။ Wunderlist က Todo list ဖန်တီးတတ်တဲ့ သူတွေ အတွက် အသုံးဝင်တဲ့ App တစ်ခုပါ။ အခုအခါမှာတော့ Wunderlist က download 1 million ရှိသွားပါပြီ။ iPad , iPhone မှာ စပြီး မိတ်ဆက်ခဲ့ပြီး windows , mac , linux စတာတွေအတွက် app ပါရှိပြန်ပါတယ်။ အခုအခါမှာတော့ Web Version , Android Version ပါ ရနေပါပြီ။ Todo list တွေ လုပ်တတ်တဲ့ အကျင့်ရှိတဲ့သူတွေအတွက်ကတော့ အရမ်းကို အသုံးဝင်တဲ့ cloud todo list ပါပဲ။ လျှင်လျှင်မြန်မြန်နဲ့ 1 million downloads ရရှိသွားပါတယ်။ သို့ပေမယ့် သူရဲ့ 1 million downloads က device အားလုံးပေါင်း [...]
24
2011
Macbook Pro အသစ်ထွက်
Macbook Pro အသစ်ထွက်မယ်ဆိုပြီး သတင်းထွက်နေတာတော့ ကြာပြီ။ နောက်ပြီး Steve ရဲ့ မွေးနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထွက်မယ်လို့ သတင်းထွက်နေတဲ့ အတိုင်း ထွက်လာပါပြီ။ Happy Birthday Steve Job !!!! Macbook Pro အသစ်မှာ ထူးထူးခြားခြား ပါလာတာကတော့ Thunderbolt ပါ။ Thunderbolt က လက်ရှိ USB 2.0 ထက် ၁၂ ဆ မြန်ပြီးတော့ USB 3.0 ထက် ၁၀ ဆ မြန်ပါတယ်။ Intel က ထုတ်လုပ်လိုက်တဲ့ Technology တစ်ခုပါပဲ။ သူ့ရဲ့ File ကူးနှုန်းက 10Gbps ပါ။ ၁ စက္ကန့်ကို 10 Giga bit ကူးနိုင်ပါတယ်။ Thunderbolt ပါတဲ့ ပထမဆုံး laptop လို့ ဆိုရမှာပါ။ နောက်ပြီးတော့ Facetime အတွက် front camera က HD camera ဖြစ်သွားပါတယ်။ ထူးခြားတဲ့အချက်နောက်တစ်ခုကတော့ [...]
24
2011
QT ကို ပြောင်းတော့မယ့် Ubuntu
Ubuntu 11.10 ကနေ စပြီး Ubuntu က Gtk+ ကနေ QT ကို ပြောင်းသုံးတော့မယ်လို့ ဆိုပါတယ်။ 2011 နှစ်ကုန်ပိုင်းလောက်မှာတော့ Ubuntu 11.10 ထွက်ပါလိမ့်မယ်။ မကြာခင်မှာ ထွက်လာမယ့် Ubuntu 11.04 , Natty Narwhal မှာတော့ Gtk+ ကိုပဲ သုံးစွဲ ထားပါသေးတယ်။ လက်ရှိ အသုံးပြုထားတဲ့ Gnome ကတော့ Gtk+ လိုအပ်ပါတယ်။ ဒါဆို ဘာကြောင့် Qt ကို ပြောင်းတာလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်စေပါတယ်။ Qt ကတော့ small-screen interface တွေအတွက် ဖြစ်ပြီးတော့ netbook တွေ mobile တွေအတွက် design ရေးဆွဲထားတာပါ။ Ubuntu ဟာ mobile တွေ netbook တွေ tablet တွေဆီကို ဦးတည်ဖို့အတွက် Qt ကို ပြောင်းတာ ဖြစ်နိုင်ပါတယ်။ Qt Qt ဆိုတာနဲ့ Nokia ကို ပြေးမြင်ကြမှာ အမှန်ပါပဲ။ Qt [...]
21
2011
Mandalay Barcamp that I know
Barcamp ? Barcamp ဆိုတာ ဘာလဲ ဆိုတော့ ပုံမှန်ဆွေးနွေးပွဲ၊ အစည်း အဝေး တွေ ့ဆုံပွဲ စာတာတွေလို ကြိုတင်စီမံထားတဲ ့ခေါင်းစဉ် တွေ ထားရှိချင်း မရှိဘဲ တက်ရောက်လာသူတွေက ပြောလာမယ့် ၊ပြောချင်တဲ့အကြောင်းအရာတွေကို တချိန်ထဲ တပြိုင်ထဲမှာ အများအပြား တင်ပြပေးနိုင်တဲ့နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတစ်ခုဖြစ်ပါတယ် သင်ဟာ နည်းပညာ တစ်ခုခု စီးပွားရေးတစ်ခုခု ကို စွဲစွဲမြဲမြဲလုပ်ဖို ့လေ့လာနေဆဲ လူတစ်ယောက်လား ? အောင်မြင်နေသော လူတစ်ယောက်လား ကျွန်တော်တို ့မန်းလေးဘားကန် မှာ မျှဝေပေးဖို့ ကြွရောက်လာခဲ့ပါ။ သင့်တွင်တစ်ခုခု သူ ့နဲ ့နယ်ပယ်တူရာလူတွေကို ဝေမျှပေးစရာ အတွေး တစ်စစ တစ်ခုခုရှိနေပါသလား ။Tips and tricks ကောင်းကောင်းလေးတွေသင် တွေ ့ရှိထားပါသလား ။ ကျွန်တော်တို ့မန္တလေး ဘားကန် ့ကိုသာကြွခဲ့ပါ။ နည်းပညာတို ့ရဲ ့အသက် နည်းပညာတို ့ရဲ ့သတင်း နည်းပညာတို ့ရဲ ့အသုံးချ နေရာများကို ဆွေးနွေးဟောပြော ပေးချင် နေပါသလား ။ [...]
18
2011
Instagram 1.07 တွင် filter အသစ် ၂ ခု ပါဝင်
Instagram version အသစ်ကို iPhone OS app store မှာ ရရှိနိုင်ပါပြီ။ လက်ရှိ version မှာတော့ bug fixes တော်တော်များများ လုပ်ထားပြီး localization improvements လည်း လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် filter အသစ် ၂ ခု ဖြစ်တဲ့ Walden နဲ့ Hefe ကို လည်း ထပ်မံ ထည့်သွင်းထားပါတယ်။ အခြား ထူးထူးခြားခြား အကြီးမားဆုံး ပြောင်းလဲမှုတွေတော့ မပါရှိပါဘူး။
10
2011
VLC get pulled from app store
VLC player ကို ဒီနေ့ မနက်မှာ App store မှာ မရှိတော့ပါဘူး။ VLC ဟာ video format တော်တော်များများကို ဖွင့်လို့ရတဲ့ Player တစ်ခုဖြစ်ပါတယ်။ နောက်ပြီး VLC player ဟာ GPL license အောက်မှာ ရှိပြီးတော့ VLC iOS ကိုတော့ apple license အောက်မှာ တင်ရပါတယ်။ ဒီ လိုင်စင် ကိစ္စဟာ အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။ Applidium က ထုတ်လိုက်တာလား Apple က ထုတ်လိုက်တာ လားတော့ မသိသေးပါ။ ဘာပဲ ပြောပြော iPhone , iPad user တွေအတွက်တော့ ဝမ်းနည်းစရာ သတင်းတစ်ပုဒ်ပါပဲ။
6
2011
App Store Will Come Tonight
ဒီနေ့ည မြန်မာ စံတော်ချိန် ၁၁ နာရီခွဲ စကာင်္ပူ စံတော်ချိန် ၁ နာရီ မှာ App Store ကို စသုံးလို့ရပါလိမ့်မယ်။ Mac App ပေါင်း ထောင်ကျော်ရှိမယ်လို့ ဆိုပါတယ်။ နာမည်ကြီး App တွေကို စတင် ဝယ်ယူသုံးစွဲလို့ရပြီး iOS App လိုမျိုး download , update လွယ်လွယ်ကူကူ သုံးစွဲလို့ရပါလိမ့်မယ်။ အရင်တုန်းက DVD package နဲ့ ရောင်းတဲ့ iWork လိုမျိုး App တွေကို ခွဲပြီး ဝယ်ယူလို့ရလာနိုင်တဲ့အတွက် စျေးသက်သာသွားမှာတော့ သေချာပါတယ်။ iWork package မှာ ကျွန်တော်တို့ မသုံးတဲ့ App တွေရှိတယ်။ အဲဒီအတွက် သီးသန့် ပိုက်ဆံ ပေးပြီး အရင်က ဝယ်ခဲ့ရပေမယ့် အခုတော့ Pages တစ်ခုတည်း ဝယ်ချင်လည်း ဝယ်လို့ရပါပြီ။
6
2011
Motorola Xoom
Motorola က tablet ထုတ်မယ်လို့ ရေးထားပြီးပါပြီ။ CES 2011 မှာ Xoom အမည်နဲ့ Android 3.0 ကို အသုံးပြုပြီး ထုတ်လိုက်ပါပြီ။ ပထမဆုံး Android 3.0 Tablet လို့ ဆိုလည်းရပါတယ်။ 3G network ကနေ 4G network ကို upgrade လုပ်လို့ရတယ်လို့ ဆိုပြန်တယ်။ CPU ကတော့ NVIDIA Tegra 2 Dual Core 1 GHz နဲ့ RAM ကလည်း 1 GB ပါ။ Flash Room 32 GB အပြင် အခြား ထပ်ပြီး microSDHC ကို 32 GB ထိ တိုးလို့ရပါသေးတယ်။ storage ကတော့ ရှယ်ပေါ့ဗျာ။ အရွယ်အစားကတော့ 10.1 လက်မ ရှိပါတယ်။ Resoultion ကတော့ WXGA (1280 x 800) ရှိတယ်။ iPad Killer လားလို့တောင် [...]
6
2011
Honeycomb/Android 3.0
Google Android 3.0 မှာ ဒီလို တွေ မြင်ရပါလိမ့်မယ်။ ထူးခြားတာကတော့ 360 degree Wall ပါပဲ။ UI Design ကတော့ Android 2 ထက် အများကြီး သာလွန်သွားပါတယ်။ Android 3.0 ဟာ Tablet တွေ အတွက် ဖန်တီးထားတာဖြစ်တဲ့အတွက် နောင်တချိန် Android Tablet တွေ အများကြီး တွေ့ရပါလိမ့်မယ်။
5
2011
Cocos-2d iPhone 0.99.5
Cocos2d iphone 0.99.5 ထွက်ရှိပါပြီ။ 0.995 မှာတော့ iPhone 4 Retina Display support ပါလာပါတယ်။ file.png နဲ့ file-hd.png ဆိုပြီး ထည့်ထားလိုက်ရင် iPhone 4 မှာ file-hd ကို အလိုအလျောက်ခေါ်ယူပေးပါတယ်။ -hd ထည့်လိုက်ရုံနဲ့ HD image ကို သုံးလို့ရပါပြီ။ x,y position တွေ ပြန်ပြင်နေစရာမလိုတဲ့အပြင် ဘာမှလည်း မခက်ခဲပါ။ သာမန်ာ iPhone မှာ @2x လို့ ထည့်ရပေမယ့် cocos2d မှာတော့ -hd ဆိုပြီး အသုံးပြုရပါတယ်။
2
2011
Will Change Unicode
MYSTERY ZILLION ကို လာမည့် မြန်မာ နှစ်ဆန်း ၁ ရက်နေ့မှာ unicode အဖြစ်ပြောင်းလဲမှာပါ။ ထို့အတူ လက်ရှိ http://blog.mysteryzillion.org ကိုလည်း unicode အဖြစ်ပြောင်းလဲသွားမှာပါ။ ဒီကြားထဲမှာ unicode ဘယ်လိုပြောင်းလဲ အသုံးပြုရမလဲ စတာတွေကို ရေးသားပေးပါမယ်။ သို့မဟုတ် ရေးသားပြီးသား link များကို ညွှန်ပြပေးသွားပါမယ်။ ကျေးဇူးတင်လျက်
28
2010
Mark Zuckerberg သူ့ပိုင်ဆိုင်မှု တော်တော်များများ လှုဒါန်း
ဒီ သတင်းဟာ ဒီဇင်ဘာလဆန်း ကတည်းက သတင်းပါ။ သို့ပေမယ့် သေသေချာချာ မသိသေးတဲ့ သူတွေအတွက် ပြန်လည် ရေးသားပေးလိုက်ပါတယ်။ Facebook ရဲ့ ဖန်တီးရှင် Mark Zuckerberg ။ အသက် ၂၆ နှစ်အရွယ် ဘီလျံနာ။ သို့ပေမယ့် သူ့ပိုင်ဆိုင်မှုတွေ တော်တော်များများကို လှုဒါန်းမယ်လို့ ဆိုပါတယ်။ Bill Gates and Warren Buffet တို့စခဲ့သည့် "Giving Pledge" မှာ လှုဒါန်းမယ်လို့ သဘောတူပြီးဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ပထမဆုံး အလှုလည်း မဟုတ်ပါဘူး။
27
2010
IBM ရဲ့ နောက် ၅ နှစ် ခန့်မှန်းချက် ၅ ခု
IBM lab ရဲ့ နောက် ၅ နှစ်အတွင်း ဖြစ်လာနိုင်မယ့် အရာ ၅ ခု ခန့်မှန်းချက် video ပါ။ အဲဒီ ၅ ချက်ထဲမှာ ကျွန်တော်တို့ လူတွေ လိုချင်နေတဲ့ star wars ထဲကလို holograms ကို တွေ့မြင်ရလိမ့်မယ်လို့ ဆိုပါတယ်။
26
2010
Android Grew 420 Percent in 2010
Mobclix ရဲ့ ၂၀၁၀ report အရ Android ဟာ ၄၂၀ ရာခိုင်နှုန်း ကြီးထွားလာခဲ့ပါတယ်။ ထို့အတူ iPhone ကလည်း ၃၄၇ ရာခိုင်နှုန်း တိုးတက်ကြီးထွားလာခဲ့ပါတယ်။ In App purchase က စီးပွားရေး နည်းအသစ် လို့ ဆိုလို့ရလာပါတယ်။ Free app တွေ ပေးထားပြီး full version upgrade လုပ်ချင်ရင် လုပ်လို့ရတဲ့ နည်း အသစ်ပေါ့။ game မှာ မြေပုံတွေ map တွေကို app purchase နဲ့ အသုံးပြုလာပါတယ်။ Game ဟာလည်း ဒီနှစ်မှာ ထိပ်ဆုံး ရှိနေဆဲပါပဲ။ 70% top app တွေဟာ game တွေ ဖြစ်နေဆဲပါ။ smartphone တွေကို ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး 2.8 hours/day နှုန်းနဲ့ app ကို အသုံးပြုလာကြပါတယ်။
24
2010
Cambridge က လုပ်နေတဲ့ Mind Reading
Cambridge University ရဲ့ Computer Laboratory က Professor Peter Robinson က mind reading machine လို ဆိုထားတဲ့ project ကို လုပ်နေပါတယ်။ video လေးကြည့်လိုက်ရင်တော့ သဘောကျသွားမှာပါ။
Subscribers
Tags
MZ Blog Network
- ဘားကမ့်ရန်ကုန် ၂၀၁၂ မြင်ကွင်းများ
- Making Shan Flag with CSS
- Lightbox with CSS3
- TinyMVC : A Lightweight PHP Framework
- Simple Blog with PHP ( Part-3 )
- အင်တာနက် ဒိုမိန်း လိပ်စာများအကြောင်း သိကောင်းစရာ
- Image+Me ~ My new Photography Blog
- Natty Narwhal မှာ Ubuntu Tweak ဘယ်လို သွင်းမလဲ!?
- အတားအဆီးများကို ဖော်ထုတ်ခြင်း (၄) - မိဘတွေနဲ့ တိုင်ပင်ပါ
- Update mmwebfont


An article by mzedu










