Browsing articles by " saturngod"
Jun
14
2010

iPhone Development Intro – 1

iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။

Jun
13
2010

CSS – Chapter 2

Chapter 2: CSS Styling CSS မှာ property က အများကြီးရှိပါတယ်။ အရင် chapter တုန်းကတော့ color property နဲ့ပဲ ဥပမာ ပြသွားပါတယ်။ CSS Background Background ကို မပြောခင် background  နဲ့ လုပ်ထားတဲ့ CSS လေးကို ပြပါတယ်။

Jun
9
2010

MVC

MVC ဆိုတာကတော့ Model View Controller ဆိုတာ သိပြီးသားပြီးသားပါ။ ဒါပေမယ့် MVC ကို programming နဲ့ ရောထွေးနေကြတယ်။ MVC ဆိုတာ pattern တစ်ခုပါ။ Software Engineering မှာ အသုံးပြုတဲ့ architectural pattern လို့ဆိုရလိမ့်မယ်။ ဒါကြောင့် သူ့ကို Language တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ နောက်ပြီး framework တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ ဒါပေမယ့် သဘောတရားနဲ့ အနှစ်သာရကတော့ အတူတူပဲ။ CodeIgniter ရေးတတ်တာနဲ့ MVC ဆိုတာ ဒီလို ရေးရပါလားလို့ ထင်ရင်တော့ မဟုတ်ပါ။ CodeIgniter မှာ MVC ကို ရေးပုံနဲ့ Symfony မှာ ရေးပုံက မတူဘူး။ နောက်ပြီး iPhone SDK ကလည်း MVC ပဲ။ ဒါပေမယ့် တည်ဆောက်ပုံတွေ မတူဘူး။

Jun
6
2010

Route Map

Programming Route Web Route

Jun
2
2010

960gs

960gs css framework ကို ဘယ်လို အသုံးပြုရမလဲဆိုတာ video လေးနဲ့ ပြထားပါတယ်။

May
20
2010

CSS (Cascading Style Sheet)

IntroCSS ဆိုတာကတော့ Web Essential ပိုင်းမှာ မသိမဖြစ် လိုအပ်ပါတယ်။ Web ပိုင်းမှာ HTML တစ်ခုတည်းတတ်နေရုံနဲ့ မရပါဘူး။ HTML က သင့် site တစ်ခုလုံးကို လှသွားအောင် ဆောက်ရွက်ပေးနိုင်မှာမဟုတ်ဘူး။ CSS ကို HTML တတ်ပြီးတဲ့သူတိုင်း အလွယ်တကူ လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့တွေ Internet website တွေမှာ မြင်နေရတဲ့ site တွေ အားလုံးဟာ CSS ကို အသုံးပြုထားပါတယ်။ HTML နဲ့ တည်ဆောက်ပြီး လှပအောင် တန်ဆာဆင်ဖို့ CSS ကို လေ့လာထားဖို့လိုအပ်ပါတယ်။ကျွန်တော့်အနေနဲ့လည်း ဘယ်လိုရေးရလဲဆိုတဲ့ အခြေခံနဲ့ ဘာတွေ ရှိတယ်။ ဘာတွေ သုံးလို့ရလဲဆိုတော့ ကိုပဲ ရှင်းပြပေးနိုင်ပါတယ်။ CSS ဟာကျယ်ပြန့်ပြီးတော့ ကိုယ့် အတွေးအခေါ် ကိုယ့် design ပေါ်မှာ မူတည်ပြီး site ရဲ့ design ကလည်း ပြောင်းလဲသွားတာပါ။ Chapter 1: CSS Basic CSS SyntaxCSS ကို ရေးသားပုံက HTML နဲ့ [...]

Oct
12
2009

Learning Jquery 1.3

Chapter 2 : Selector Jquery မှာ CSS မှာ အသုံးပြုတဲ့ selector တွေကို အသုံးပြုထားပြီး CSS လို့ Doucment Object Model (DOM) တွေကို မြန်မြန်ဆန်ဆန် ထိထိရောက် ခေါှယူနိုင်အောင်ပေါ့။ ဒီ Chapter မှာတော့ Selector တွေအကြောင်းပြောပြပြီး Jquery ရဲ့ ကိုယ်ပိုင် selector အနည်းငယ်ကိုလည်း ပြောပြသွားမှာပါ။ The Document Object Model Jquery မှာ အရမ်းကောင်းမွန်တဲ့ အပိုင်းတစ်ခုပါ။ DOM ထဲမှာ ရှိတဲ့ elements တွေကို လွယ်လွယ်ကူကူ selecting လုပ်လို့ရတယ်။ Document Object Model ဟာ အစီအစဉ်တကျ ရှိတဲ့ family-tree structure ပါ။ HTML ဟာ အခြား markup language တွေလိုပဲ DOM ကို အသုံးပြုထားပါတယ်။ ကျွန်တောှတို့ဟာ same terminology ကို အသုံးပြုပြီး family relastionship တွေကို [...]

Oct
10
2009

Virus Protection

Virus ကို ဖန်တီးတာ ဖျက်စီးဖို့မဟုတ်ပါဘူး။ ဖျက်စီတတ်တဲ့ အကျင့်ရှိသူတွေကို ကာကွယ်ဖို့ ဖန်တီးနည်းကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီ course မှာ အခြေခံသဘောသဘာဝတွေကို သင်ကြားပေးတာပါ။ Virus တစ်ခုဖန်တီးရတာ မခက်ဘူး။ ဒါပေမယ့် ကာကွယ်ဖို့ကိုတော့ လွယ်ပေမယ့် အရမ်းအလွယ်ကြီးတော့ မဟုတ်ဘူး။ What is Virus Virus ဆိုတာကတော့ လွယ်လွယ်ကူကူပြောရရင် computer ကိုဖျက်စီးပစ်တာပဲပေါ့။ Virus ကိုအများအားဖြင့် အပျော်အနေနဲ့ ဖန်တီးလာရာကနေ ဖျက်စီးခြင်းဆိုတဲ့ နေရာကို ရောက်ရှိလာတာပါ။ အမှန်တိုင်းပြောရရင်တော့ Virus ဖန်တီးတာကို အားမပေးဘူး။ ဒါပေမယ့် virus တစ်ခု ဘယ်လို လုပ်ရမယ်မသိပဲ virus ကို သတ်ဖို့ဆိုတာကတော့ မလွယ်ဘူးလေ။ ဒါကြောင့် virus က ဘယ်လိုအလုပ်လုပ်တယ်။ ဘာတွေလုပ်တယ်။ နောက်ပြီး ဘယ်လိုတွေ ဖျက်စီးတတ်တယ်စတာတွေကို သိထားဖို့လိုပါတယ်။

Oct
10
2009

Internet & Email

ဒီစာမျက်နှာကို မြင်ကတည်းက internet ကို သုံးဘူးတယ်။သုံးနေတယ်ဆိုတာသေချာပါတယ်။ ကျွန်တော်တို့ online education ကိုတက်ရောက်မယ့်သူတိုင်းကတော့ အင်တာနက်ကို သုံးတတ်ဖို့လိုအပ်တယ်။ အင်တာနက်မှာရှာဖွေတက်ရမယ်။ မရှာတတ်မဖွေတတ်လို့ မဖြစ်ဘူး။ အခုခေတ်က မသိလျှင်ရှာမတွေ့လျှင်မေး ခေတ်ရောက်နေပြီ။ အရင်ကလို မသိရင်မေးဆိုတဲ့ စကားပုံကိုမေ့ထားလိုက်တော့။ မသိရင်မေးဆိုရင် ဆုံးတော့မှာမဟုတ်ဘူး။ ကြာရင် သူများကိုအားကိုးချင်စိတ်ပဲပေါက်လာလိမ့်မယ်။ ကျွန်တော်တို့တွေ ရှာတတ်ရင်တွေ့မှာ။ပထမဆုံး သင်ခန်းစာမှာတော့ Service+ က ဆရာကိုရဲ ရေးထားတဲ့ စာအုပ်လေးကိုအရင်ဖတ်ကြည့်ပါ။ စာအုပ်ကတော့ သူငယ်ချင်းတစ်ယောက်ဆီက ရထားတာပါ။မျှဝေခွင့်ရှိတယ်ဆိုလို့ တင်လိုက်တာပါ။ ကဲ... ဒီနေ့တော့ ဒီလောက်ပဲ။မနက်ဖြန်ညမှ ဆက်ရအောင်။

Oct
10
2009

Just A Knowledge

ကျွန်တော် သိသလောက်။ ပြောပြဖို့ လွယ်တဲ့ အကြောင်းတွေ သင်ခန်းစာတွေ အကုန်လုံးကို မျှဝေသွားပေးမယ်။ တချို့အရာတွေကတော့လည်း စာတွေ့နဲ့ပြောရတာ ခက်ခဲတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး ဆက်ပြီး သင်သွားမှာပါ။ ဒီ Course ရဲ့ ပထမဆုံးနေ့မှာတော့ အကုန်သိကြတဲ့ google အကြောင်းပါ။ google ရဲ့ service တွေက အများကြီးပါ။ ကျွန်တော်တို့ လူတိုင်းသိကြတာကတော့ google ဆိုတာ search engine တစ်ခုပါ။ တစ်ခြား service ထဲမှာ နာမည်အကြီးဆုံးကတော့ gmail ပါပဲ။ မြန်မာတော်တော်များများမှာ gmail ရှိကြပါတယ်။ တခြား လူသိများပြီး မြန်မာတော်တော်များများသိကြတာကတော့ blogspot ပါ။ စာရင်းကတော့ ဒီမှာ ကြည့်လိုက်ပါ။ အဲမှာ မပါပဲ ကျွန်တော်တို့ web developer တွေသုံးသင့်တာကတော့ google webmaster tool ပါ။ ကိုယ့် website ကို google မှာ လွယ်လင့်တကူရှာနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ တခြား web developer သုံးကြတာကတော့ google apps ပါ။ [...]

Oct
8
2009

HTML

ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။ ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepage များကို အလွယ်တကူ ယူဆောင်နိုင်လေပြီ။ Internet ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။ အလွယ်ရှင်းရရင်တော့ Internet ဆိုတာ ကမ္ဘာ ပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသော Network ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။ ရေးသားထားတဲ့ Web Page တွေကို Web Browser Software နဲ့ ကြည့်ရှုရပါတယ်။ Web Broswer Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။ ဒါကြောင့် web site တွေကို ဖန်တီးရာမှာ အခြေခံအကျဆုံး HTML ကို စာအုပ်လေးရေးသားထားပါ့တယ်။ Size သေးအောင် 7Zip နဲ့ချံု့ထားပါတယ်။ ဒါကြောင့် 7Zip ကိုသွင်းဖို့တော့ [...]

Oct
6
2009

Learning Jquery 1.3

Chapter 1 : Getting Start အခုအချိန်မှာတော့ Web လောကမှာ dynamic တွေဖြစ်ကုန်ပြီး site တွေကို ဆွဲဆောင်မှုရှိလာအောင် interactive ဖြစ်လာအောင် developer တွေက ဖန်တီးလာတယ်။ အဲဒီလို ဖန်တီးရာမှာ လွယ်ကူလာအောင် JQuery လိုမျိုး javascript library တွေ အသုံးပြုလာတယ်။ Jquery ဟာ javascript library ဖြစ်ပြီး အခုအချိန်မှာ လူတောှတောှများများ အသုံးပြုရွေးချယ်နေကြပါတယ်။ Jquery မှာ function တွေအများအပြားရှိပြီးတော့ အခြား plugin တွေများပြားလို့လည်း လူသုံးများလာတယ်ဆို မမှားပါဘူး။ Jquery ဟာ HTML သာမက Cascading Style Sheets (CSS) တို့မှာရှိတဲ့ function တွေကို ခေါှပြီး အသုံးပြုလို့ရတယ်။ JQuery ကို အသုံးပြုမယ်ဆိုရင် programming skill အနည်းငယ်ရှိရမှာ ဖြစ်ပြီး web developers တွေအနေနဲ့ကတော့ programming experience ရှိပြီး javascript တတ်ကျွမ်းထားပြီးတွေ ဖြစ်တဲ့အတွက်ကြောင့် web developer [...]

Oct
6
2009

Simple Program Design

စတင်ခြင်း Programming ကို မတတ်မြောက်ခင်မှာ pseudo နဲ့ flow chat သိဖို့လိုပါတယ်။ Pseudo ဆိုတာ Pseudoဆိုတာကတော့ programming တစ်ခု မစခင်မှာ ပထမဆုံး ပုံစံကြမ်းချရေးတဲ့ codeပေါ့။ pseudo code ကို ဖတ်ပြီး ဘယ် programmer မဆို မိမိ အသုံးပြုတဲ့programming နဲ့ ရေးသားနိုင်ပါတယ်။ တနည်းအားဖြင့် pseudo code ဆိုတာကတော့လူတိုင်း ဖတ်လိုက်တာနဲ့ နားလည်အောင် ရေးသားထားတဲ့ code ကို ဆိုတာပါ။

Pages:«12345