iPhone Development Intro – 2

အပိုင်း ၁ မှာ တုန်းက iPhone Development တွေ လိုအပ်တာတွေပြင်ဆင်ဖို့ ဘယ်လို လေ့လာရမလဲဆိုတာတွေ ပြောပြီးပါပြီ။ အခု အပိုင်းမှာတော့ iPhone Developer Account နဲ့ Distrubtion အကြောင်းလေး ရေးပါမယ်။

Why you need Developer Account

ကျွန်တော်တို့မှာ Simulator ရှိပါတယ်။ သို့ပေမယ့်လည်း Simulator Account နဲ့ အကုန်လုပ်လို့မရဘူး။ camera, phone, accelerometer, magnetometer or gyroscope စတာတွေကို Simulator နဲ့ စမ်းလို့မရပါဘူး။ Developer Account ရှိမှ အဲဒီ API တွေကို Device ပေါ်မှာ တင်ပြီး စမ်းလို့ရမှာပါ။ နောက်ပြီး App store မှာ တင်ပြီးတော့ ရောင်းချင်တယ်ဆိုရင်လည်း Developer Account လိုအပ်ပါတယ်။ ဝယ်မယ်ဆိုရင်တော့ အရင်ဆုံး Apple Store or iTune store Account ရှိဖို့ လိုပါတယ်။ အဲဒီ Account ရှိမှ Developer Account ကို ဝယ်လို့ရမှာပါ။

dev center

Testing Your Project

Project ကို စမ်းမယ်ဆိုရင် Device ပေါ်မှာ စမ်းသပ်တာက အကောင်းဆုံးပါပဲ။ iPodTouch Simulator မှာသုံးတဲ့ Speed နဲ့ iPhone Device မှာ ရတဲ့ Speed က မတူပါဘူး။ နောက်ပြီး အချို့ API တွေ ဖြစ်တဲ့ camera, accelerometer စတာတွေက  Simulator နဲ့ စမ်းလို့မရဘူး။ Device ပေါ်မှာ စမ်းဖို့အတွက် Developer Account ရဲ့ Provisioning Portal ကနေ Development Provisioning Profiles တစ်ခုကို Download ချပြီး ဖန်တီးဖို့ လိုပါတယ်။ နောက်ပြီး သင့် Application အတွက် App ID တစ်ခုလည်း တည်ဆောက်ဖို့လိုတယ်။ အဲဒီအဆင့်တွေက Developer Account ဝယ်ပြီးသွားရင် Provisioning Portal မှာ အဆင့်ဆင့်တွေ ပြထားပါတယ်။ iPhone Development လုပ်နေပြီဆိုကတည်းက English စာ အသင့်သင့် ရှိနေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် English စာဖတ်ရတာ ခက်ခဲမယ် မထင်ပါဘူး။ အဆင့်ဆင့်တွေ ဖြစ်တဲ့ အတွက် Provision Portal မှာ စာတွေ အသေးစိတ် ဖတ်ဖို့ လိုအပ်ပါတယ်။

sdk

Simulator က iPhone Device ထက်မြန်တယ်လို့ ကျွန်တော် ပြောပြီးပါပြီ။ အဲဒါကြောင့် Device မှာသာ သုံးလို့ရတဲ့ API မသုံးပဲ ရေးမယ်ဆိုရင် Simulator ကို အဓိက ထားသုံးသင့်ပါတယ်။ Device ကို နောက်ဆုံး Testing အဆင့်အတွက် အဓိက ထားသုံးသင့်ပါတယ်။ Device မှာ မဟမ်းသွားဖို့လိုပါတယ်။

Distrbution

Distrubtion လုပ်မယ်ဆိုရင် ၂ နည်းရှိပါတယ်။ Ad Hoc နဲ့ App Store ပိုင်းပါ။ Ad Hoc ဆိုတာကတော့ App Store မှာ မတင်ပဲသီးသန့် ခွင့်ပြုထားတဲ့ device တွေမှာ အသုံးပြုဖို့အတွက်ပါ။ Ad Hoc က ကြိုက်သလောက် ဖန်တီးခွင့် မရှိပါဘူး။ စုစုပေါင်း Device ID 99 ခုပဲရပါတယ်။ နောက်တနည်းကတော့ App Store ပါ။

distrubtion

App Store

iPhone Project တွေ မတင်ခင် developer account မဝယ်ခင် App store နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ ရှိပါတယ်။ App Store မှာ ရောင်းမယ်ဆိုရင် ရောင်းစျေးထက် 70% ပဲရပါလိမ့်မယ်။ ဥပမာ ။။ $0.99 နဲ့ ရောင်းတဲ့ app အတွက် ၁ ခု ရောင်းရလျှင် 0.70 ပဲ ကိုယ်က ရမှာပါ။ App Store ကို အသုံးပြုမယ်ဆိုရင် Online Bank Account ရှိဖို့လိုပါတယ်။ Bank Account က Swift Account ရှိဖို့လိုပါတယ်။ စကာင်္ပူမှာတော့ POSB, DBS , Ctibank တို့က Swift ရှိပါတယ်။ Address ကို သတိထားရပါမယ်။ Address ပြောင်းချင်ရင် Bank မှ လာထားတဲ့ Phone Bill နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့ ID card ပြနိုင်ဖို့ လိုပါတယ်။ Address ပြောင်းခြင်းကလည်း ၁ ပတ်လောက် ကြာမြင့်နိုင်ပါတယ်။ အကုန်လုံး သေချာသွားပြီဆိုရင် Contract စတင် ချုပ်လို့ရပါပြီ။ Contract ချုပ်ပြီးတာနဲ့ ကိုယ့် Bank Account ကို စတင်ဖြည့်လို့ရပါပြီ။ လိုအပ်တဲ့ Information တွေ ဖြည့်ပေးဖို့လိုပါတယ်။ Free version အတွက် bank account တွေ မလိုအပ်ပါဘူး။

app store

Sale on App Store

App store ပေါ်တင်မယ်ဆိုရင် ကိုယ့် App ကို ပုံမှန်အားဖြင့် ရ ရက် စောင့်ရပါတယ်။ ရ ရက်အတွင်းမှာ 95% Application တွေက Approve ဖြစ်ပါတယ်။ ဘာလို့ 5% က Approve မဖြစ်သလဲဆိုတော့

  • မပြည့်စုံခြင်း။ ( လိုအပ်ချက်တွေ မပြည့်စုံလို့ပါ။ Description မပြည့်စုံခြင်း။ Application က ဘာမှ မရှိပဲ နည်းနည်းလေး ပါးပါး စမ်းသပ်ထားသလို ဖြစ်နေခြင်း စတာတွေ ကြောင့်ပါ )
  • Custom API သုံးထားခြင်း။ ( App ထဲမှာ Custom API တွေ ထည့်သွင်းသုံးထားတာကို Apple က ခွင့်မပြုပါဘူး )
  • Crash ဖြစ်ခြင်း။ ( App က crash ဖြစ်တာကိုတွေ့ရင် လက်မခံပါဘူး )

approve

တကယ်လို့ ကိုယ့် App က approve မဖြစ်လို့ ပြန်ပြင်ပြီး resubmit လုပ်လို့ရပါတယ်။ App တစ်ခုကို တင်ရင် လိုအပ်တာတွေက

require

ရောင်းဖို့အတွက် စျေးနှုန်းတွေကို Tier နဲ့ သတ်မှတ်ပါတယ်။ ပုံမှန်အားဖြင့် အနိမ့်ဆုံး Tier 1 ဖြစ်တဲ့ $0.99 ကနေ စရောင်းလို့ရပြီးတော့ အမြင့်ဆုံး ဖြစ်တဲ့ Tier 85 ဖြစ်တဲ့ $999.99 ထိ ရောင်းလို့ရပါတယ်။ စာရင်းကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်။ နောက်တချက် သိဖို့က ရောင်းတဲ့အခါမှာ $150 ပြန်မရမခြင်း သင့် ပိုက်ဆံ ပြန်ထုတ်လို့မရပါဘူး။ iAds လည်း ထိုနည်းတူပါပဲ။ ဒါကြောင့် သင့် Appliation ကို ရောင်းကောင်းအောင် Marketing တွေ လုပ်ဖို့လိုပါတယ်။

Marketing Your Application

App store မှာ တင်ပြီးသွားရင် ကိုယ့် Application Marketing အတွက် ဘယ်လောက်ရောင်းရတယ် ဘယ်လောက် Update လုပ်လဲ စတဲ့ report တွေကို ကြည့်လို့ရပါတယ်။ နောက်ပြီး Finance Reports ကို ၁ လ ၁ ကြိမ် ကြည့်လို့ရပါတယ်။ ဒါပေမယ့် real time report ကတော့ ကြည့်လို့မရပါဘူး။ ဒီနေ့ တနေ့လုံး ဘယ်လောက် ရောင်းရလဲဆိုတာကိုပဲ ကြည့်ုလို့ရပါတယ်။ ဒီနေ့ ၁ နေ့လုံးဆိုတာကလည်း ပုံမှန်အားဖြင့် ည singapore ည ရ နာရီ မှ တစ်ခါ update ဖြစ်ပါတယ်။ weekly report အတွက် ရ ရက်စောင့်ရပါမယ်။ နောက်ပြီးတော့ Discount Period တွေ သတ်မှတ်လို့ရပါတယ်။ ဘယ်အချိန်မှာ ဘယ်စျေးပြောင်းဆိုပြီး သတ်မှတ်လို့ရပါတယ်။ Available on App Store ဆိုတဲ့ Image ကို အသုံးပြုချင်တယ်ဆိုရင်တော့ US ကို mail ပို့ပြီး ကိုယ် သုံးမယ့် app နဲ့ website address အတွက် ခွင့်ပြုချက်ရယူဖို့ လိုပါတယ်။

ကဲ… ဒီလောက်ဆိုရင် iPhone Application Development အကြောင်းကို ခြံုငုံပြီး သိသွားပြီလို့ထင်ပါတယ်။

iPhone Development Intro – 1

iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။

Continue reading “iPhone Development Intro – 1”

CSS – Chapter 2

Chapter 2: CSS Styling

CSS မှာ property က အများကြီးရှိပါတယ်။ အရင် chapter တုန်းကတော့ color property နဲ့ပဲ ဥပမာ ပြသွားပါတယ်။

CSS Background

Background ကို မပြောခင် background  နဲ့ လုပ်ထားတဲ့ CSS လေးကို ပြပါတယ်။

Continue reading “CSS – Chapter 2”

MVC

MVC ဆိုတာကတော့ Model View Controller ဆိုတာ သိပြီးသားပြီးသားပါ။ ဒါပေမယ့် MVC ကို programming နဲ့ ရောထွေးနေကြတယ်။ MVC ဆိုတာ pattern တစ်ခုပါ။ Software Engineering မှာ အသုံးပြုတဲ့ architectural pattern လို့ဆိုရလိမ့်မယ်။ ဒါကြောင့် သူ့ကို Language တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ နောက်ပြီး framework တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ ဒါပေမယ့် သဘောတရားနဲ့ အနှစ်သာရကတော့ အတူတူပဲ။ CodeIgniter ရေးတတ်တာနဲ့ MVC ဆိုတာ ဒီလို ရေးရပါလားလို့ ထင်ရင်တော့ မဟုတ်ပါ။ CodeIgniter မှာ MVC ကို ရေးပုံနဲ့ Symfony မှာ ရေးပုံက မတူဘူး။ နောက်ပြီး iPhone SDK ကလည်း MVC ပဲ။ ဒါပေမယ့် တည်ဆောက်ပုံတွေ မတူဘူး။
Continue reading “MVC”

CSS (Cascading Style Sheet)

Intro
CSS ဆိုတာကတော့ Web Essential ပိုင်းမှာ မသိမဖြစ် လိုအပ်ပါတယ်။ Web ပိုင်းမှာ HTML တစ်ခုတည်းတတ်နေရုံနဲ့ မရပါဘူး။ HTML က သင့် site တစ်ခုလုံးကို လှသွားအောင် ဆောက်ရွက်ပေးနိုင်မှာမဟုတ်ဘူး။ CSS ကို HTML တတ်ပြီးတဲ့သူတိုင်း အလွယ်တကူ လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့တွေ Internet website တွေမှာ မြင်နေရတဲ့ site တွေ အားလုံးဟာ CSS ကို အသုံးပြုထားပါတယ်။ HTML နဲ့ တည်ဆောက်ပြီး လှပအောင် တန်ဆာဆင်ဖို့ CSS ကို လေ့လာထားဖို့လိုအပ်ပါတယ်။
ကျွန်တော့်အနေနဲ့လည်း ဘယ်လိုရေးရလဲဆိုတဲ့ အခြေခံနဲ့ ဘာတွေ ရှိတယ်။ ဘာတွေ သုံးလို့ရလဲဆိုတော့ ကိုပဲ ရှင်းပြပေးနိုင်ပါတယ်။ CSS ဟာကျယ်ပြန့်ပြီးတော့ ကိုယ့် အတွေးအခေါ် ကိုယ့် design ပေါ်မှာ မူတည်ပြီး site ရဲ့ design ကလည်း ပြောင်းလဲသွားတာပါ။

Chapter 1: CSS Basic

CSS Syntax
CSS ကို ရေးသားပုံက HTML နဲ့ မတူတော့ ပဲ ရေးသားပုံတွေ ကွာခြားသွားပါတယ်။ css code လေးကို ကြည့်ရအောင်။

Selector ကတော့ ကိုယ် ဘာဟာကို CSS အသုံးပြုမလဲဆိုတာကို ပြောတာပါ။ အခု h1 ဆိုတဲ့ tag ကို select လုပ်ထားလိုက်တာပါ။ Declaration က တစ်ခုထက် ပိုထည့်နိုင်ပါတယ်။ တစ်ခု ဆုံးတိုင်း ; လေး ထည့်ပေးရပါတယ်။ Property နဲ့Value ရှိပါတယ်။ ကျွန်တော်တို့ HTML မှာတုန်းက attribute နဲ့ value ထည့်သလိုပေါ့။ property နဲ့ value ကို : လေး ခံပြီး ထည့်ပါတယ်။

color:blue; font-size:12px;

ဆိုတဲ့ သဘောက စာလုံးအပြောရောင် စာလုံးအရွယ် 12 px လို့ဆိုလိုက်တာပါ။
ဥပမာ။ အောက်က code လေးကို notepad မှာ ရေးပြီး စမ်းကြည့်လိုက်ပါ။

<html><head><title>CSS</title>
<style type="text/css">
p { color: red;}
</style>
</head>
<p>Hi! I am red.</p>
</html>

အဲဒါလေးကို save သိမ်းပြီး firefox နဲ့ ဖွင့်လိုက်ရင် အောက်ကပုံလို မြင်ရပါလိမ့်မယ်။

CSS ရေးမယ်ဆိုရင် နဲ့ စပြီး နဲ့ ဆုံးတဲ့ ကြားထဲမှာ ရေးရပါတယ်။ အများအားဖြင့်တော့ နဲ့ ကြားထဲမှာ ရေးရပါတယ်။


Comment

HTML မှာတုန်းကလည်း comment လုပ်ပုံပြောခဲ့ပါတယ်။ HTML comment ဆိုရင်  နဲ့ရေးခဲ့တာ မှတ်မိအုံးမယ်ထင်ပါတယ်။ CSS မှာလည်း comment ရေးလို့ရပါတယ်။ သူကိုတော့ ဒီလိုရေးပါတယ်။

/* This is comment */


/* နဲ့ စပြီး */ ဆုံး ပါတယ်။ ကြားထဲမှာ comment ရေးရတာပါ။


Selector

အပေါ်မှာ ကျွန်တော် ပြောခဲ့ဘူးပါတယ်။ Selector အကြောင်းပါ။ Select မှာ HTML element တွေ ဖြစ်တဲ့ p , h3 စတာတွေ သုံးလို့ရသလို id နဲ့class ကိုလည်း သုံးလို့ရပါတယ်။ HTML attribute မှာ id နဲ့class ဆိုတာ ရှိပါတယ်။

ID Selector
ကျွန်တော်တို့ html attribute id ဆိုတာကို ထည့်ပြီး အဲဒါကို css မှာ တွဲသုံးနိုင်ပါတယ်။ ဥပမာကို အောက်က code ကို လေ့လာကြည့်လို်က်ပါ။

<html>

<head>
<title>CSS</title>

<style type="text/css">
#red_id { color: red;}

</style>

</head>

<p id="red_id">Hi! I am red id.</p>
<p >Hi! I am normal.</p>

</html>

အဲဒါလေးကို browser နဲ့ဖွင့် လိုက်ရင် အောက်ကလို မြင်ရပါမယ်။

id မှာ red_id ဆိုပြီးရေးထားပါတယ်။ အဲဒါကို ပြန်ခေါ်ဖို့ CSS မှာ #red_id နဲ့ပြန်ခေါ်ထားတာကို တွေ့မှာပါ။ အရင်တုန်းကတော့ p ဆိုတဲ့ html tag ကို ခေါ်ခဲ့ပေမယ့် အခု တစ်ခုထဲကို သီးသန့်ခေါ်ချင်တော့ id ပေးပြီး ခေါ်လိုက်တာပါ။

Class Selector
id လိုပဲ HTML attribute တစ်ခုဖြစ်တဲ့ class ဆိုတာကို သုံးနိုင်ပါတယ်။ id ကတော့ အများအားဖြင့် တစ်ခုတည်းကို နာမည်သဘောမျိုး identify သဘောမျိုးနဲ့ပေးတတ်ကြပြီး class ကတော့ အများကို ကိုယ်စားပြုတဲ့အနေနဲ့ပေးပါတယ်။ class ကိုလည်း id လိုမျိုးပဲ အသုံးပြုနိုင်ပါတယ်။ အောက်က code လေးကို ကြည့်လိုက်ပါ။

<html>
<head>
<title>CSS</title>
<style type="text/css">
.red_class { color: red;}
</style>
</head>
<p class="red_class">Hi! I am red class.</p>
<p> Hi! I am normal.</p>
<p class="red_class">Hi! I am red class.</p>
</html>

အဲဒါဆိုရင် Hi! I am red class ဆိုတဲ့ စာလုံးတွေက နီနေတာကို တွေ့မှာပါ။ ဒါလေးကိုတော့ ကိုယ်တိုင် စမ်းကြည့်နိုင်ပါတယ်။ ပုံလေးတော့ မပြတော့ဘူး။ အတူတူပဲမို့ပါ။ class ကို dot(.) ရှေ့မှာ ထားပြီး ရေးပါတယ်။ class ကို နောက်တစ်မျိုးရေးလို့ရပါတယ်။ ဥပမာ p tag မှာ သုံးထားတဲ့ class ဆိုရင် 

p.red_class { color: red;}

ဆိုပြီး ရေးလို့ရပါတယ်။ h3 မှာ သုံးထားရင်

h3.red_class { color: red;}

ဆိုပြီးရေးလိုက်ရုံပါပဲ။ အောက်က code လေးကို ကြည့်လိုက်ပါ။

<html>
<head>
<title>CSS</title>
<style type="text/css">
h3.red_class { color: red;}
</style>
</head>
<h3 class="red_class">Hi I am H3</h3>
<p class="red_class">Hi! I am red id.</p>
<p> Hi! I am normal.</p>
<p class="red_class">Hi! I am red id.</p>
</html>

အဲဒါကို ဒီလိုလေး ထွက်လာမှာပါ။

p မှာ red_class လို့ထည့်ထားပေမယ့် css မှာ h3.red_class လို့ရေးထားပါတယ်။ red_class  လို့ ကြေငြာထားတဲ့ h3 ကိုပဲ select လုပ်မယ်လို့ ဆိုလိုတာပါ။

CSS ဘယ်လိုထည့်မလဲ။

အပေါ်မှာတုန်းက ကျွန်တော် ပြောခဲ့ပါတယ်။ CSS ဘယ်လို ထည့်သွင်းရမယ်ဆိုတာကိုပေါ့။ နဲ့ ကြားမှာ style tag နဲ့ ထည့်တယ်လို့။ အဲဒါအပြင် အခြား ၂ နည်းရှိပါသေးတယ်။ စုစုပေါင်း ၃ မျိုးထည့်သွင်းလို့ရပါတယ်။

  1. Internal Style Sheet
  2. Inline Stye Sheet
  3. External Style Sheet

Internal Style Sheet


ကျွန်တော်တို့ internal Style Sheet အကြောင်းပြောခဲ့ပြီးပါပြီ။ အပေါ်မှာ သုံးခဲ့တာတွေ အားလုံးက Internal style sheet သဘောတရားတွေပါ။

Inline Style Sheet

ကျွန်တော်တို့တွေအနေနဲ့ တစ်ခါတစ်လေမှာ style sheet တစ်ခုတည်းကို html tag ထဲတွဲသုံးချင်တဲ့အခါမှာ သုံးလို့ရအောင်ပါ။သူ့ကို ဒီလိုရေးပါတယ်။

<p style="color:red"> Hi! I am red.</p>

အဲဒါဆိုရင် Hi! I am red က အနီရောင်လေး ဖြစ်သွားတာကို တွေ့မှာပါ။ ကျွန်တော်တို့တွေအနေနဲ့ အချို့အခါတွေမှာ class တို့ id တို့ မကြေငြာပဲ ရေးချင်တဲ့အခါတွေ မှာ အသုံးပြုနိုင်ပါတယ်။

External Style Sheet

Internal Style Sheet က page တစ်ခုတည်းအတွက် အဆင်ပြေပေမယ့် page တွေက တစ်ခုထက်မက သုံးမယ်။ ဒီ style ပဲ သုံးမယ်ဆိုရင် Internal Style Sheet က အဆင်မပြေတော့ပါဘူး။ HTML အသစ် တစ်ခုဆောက်တိုင်း copy paste လိုက်လုပ်ရမယ်။ တစ်နေရာမှာ ပြောင်းလိုက်တိုင်း HTML files အားလုံးမှာ လိုက်ပြောင်းရမယ်။ အဲလို အခါ အဆင်မပြေတော့ဘူး။ ဒါကြောင့် HTML files တွေ တစ်ခုထက် မက သုံးမယ်ဆိုရင် External Style Sheet ကိုသုံးနိုင်ပါတယ်။ External Style Sheet ကို ခေါ်မယ်ဆိုရင် အောက်ကလို ခေါ်သုံးပါတယ်။

<head>
<link rel="stylesheet" type="text/css" href="external.css">
</head>

external.css ကတော့ သီးသန့် file ပါ။ file path တွေကိုတော့ HTML တုန်းက ပြောခဲ့ပြီးပါပြီ။ image path တွေ ခေါ်တဲ့နေရာမှာတုန်းက ရှင်းပြခဲ့ပါတယ်။ external.css ကိုလည်း အဲလို ခေါ်တာပါပဲ။

external.css ထဲမှာတော့ ဒီလိုရေးထားပါတယ်။

.red_class { color: red;}

တစ်ခြား ဘာမှ မပါပဲ css တွေ ချရေးထားရုံပါပဲ။ တခြား html tag တွေ ထည့်စရာလည်း မလိုပါဘူး။

အခု အခြေခံအချက်တွေနားလည်ပြီဆိုရင်တော့ CSS styling အကြောင်းတွေ စပြီးလေ့လာလို့ရပါပြီ။ property က color တစ်ခုတည်း မဟုတ်ပဲနဲ့ အခြား property အကြောင်းတွေကို နောက် chapter မှာ စပါမယ်။

Learning Jquery 1.3

Chapter 2 : Selector

Jquery မှာ CSS မှာ အသုံးပြုတဲ့ selector တွေကို အသုံးပြုထားပြီး CSS လို့ Doucment Object Model (DOM) တွေကို မြန်မြန်ဆန်ဆန် ထိထိရောက် ခေါှယူနိုင်အောင်ပေါ့။ ဒီ Chapter မှာတော့ Selector တွေအကြောင်းပြောပြပြီး Jquery ရဲ့ ကိုယ်ပိုင် selector အနည်းငယ်ကိုလည်း ပြောပြသွားမှာပါ။

The Document Object Model

Jquery မှာ အရမ်းကောင်းမွန်တဲ့ အပိုင်းတစ်ခုပါ။ DOM ထဲမှာ ရှိတဲ့ elements တွေကို လွယ်လွယ်ကူကူ selecting လုပ်လို့ရတယ်။ Document Object Model ဟာ အစီအစဉ်တကျ ရှိတဲ့ family-tree structure ပါ။ HTML ဟာ အခြား markup language တွေလိုပဲ DOM ကို အသုံးပြုထားပါတယ်။ ကျွန်တောှတို့ဟာ same terminology ကို အသုံးပြုပြီး family relastionship တွေကို ခေါှယူနိုင်ပါတယ်။ parents, childern , … စတာတွေမျိုးပေါ့။ HTML မှာ ရှိတဲ့ family tree code လေးကို ဥပမာအနေနဲ့ ကြည့်ရအောင်။
Continue reading “Learning Jquery 1.3”

Virus Protection

Virus ကို ဖန်တီးတာ ဖျက်စီးဖို့မဟုတ်ပါဘူး။ ဖျက်စီတတ်တဲ့ အကျင့်ရှိသူတွေကို ကာကွယ်ဖို့ ဖန်တီးနည်းကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီ course မှာ အခြေခံသဘောသဘာဝတွေကို သင်ကြားပေးတာပါ။ Virus တစ်ခုဖန်တီးရတာ မခက်ဘူး။ ဒါပေမယ့် ကာကွယ်ဖို့ကိုတော့ လွယ်ပေမယ့် အရမ်းအလွယ်ကြီးတော့ မဟုတ်ဘူး။

What is Virus

Virus ဆိုတာကတော့ လွယ်လွယ်ကူကူပြောရရင် computer ကိုဖျက်စီးပစ်တာပဲပေါ့။ Virus ကိုအများအားဖြင့် အပျော်အနေနဲ့ ဖန်တီးလာရာကနေ ဖျက်စီးခြင်းဆိုတဲ့ နေရာကို ရောက်ရှိလာတာပါ။ အမှန်တိုင်းပြောရရင်တော့ Virus ဖန်တီးတာကို အားမပေးဘူး။ ဒါပေမယ့် virus တစ်ခု ဘယ်လို လုပ်ရမယ်မသိပဲ virus ကို သတ်ဖို့ဆိုတာကတော့ မလွယ်ဘူးလေ။ ဒါကြောင့် virus က ဘယ်လိုအလုပ်လုပ်တယ်။ ဘာတွေလုပ်တယ်။ နောက်ပြီး ဘယ်လိုတွေ ဖျက်စီးတတ်တယ်စတာတွေကို သိထားဖို့လိုပါတယ်။ Continue reading “Virus Protection”

Internet & Email

ဒီစာမျက်နှာကို မြင်ကတည်းက internet ကို သုံးဘူးတယ်။သုံးနေတယ်ဆိုတာသေချာပါတယ်။ ကျွန်တော်တို့ online education ကိုတက်ရောက်မယ့်သူတိုင်းကတော့ အင်တာနက်ကို သုံးတတ်ဖို့လိုအပ်တယ်။ အင်တာနက်မှာရှာဖွေတက်ရမယ်။ မရှာတတ်မဖွေတတ်လို့ မဖြစ်ဘူး။ အခုခေတ်က မသိလျှင်ရှာမတွေ့လျှင်မေး ခေတ်ရောက်နေပြီ။ အရင်ကလို မသိရင်မေးဆိုတဲ့ စကားပုံကိုမေ့ထားလိုက်တော့။ မသိရင်မေးဆိုရင် ဆုံးတော့မှာမဟုတ်ဘူး။ ကြာရင် သူများကိုအားကိုးချင်စိတ်ပဲပေါက်လာလိမ့်မယ်။ ကျွန်တော်တို့တွေ ရှာတတ်ရင်တွေ့မှာ။ပထမဆုံး သင်ခန်းစာမှာတော့ Service+ က ဆရာကိုရဲ ရေးထားတဲ့ စာအုပ်လေးကိုအရင်ဖတ်ကြည့်ပါ။ စာအုပ်ကတော့ သူငယ်ချင်းတစ်ယောက်ဆီက ရထားတာပါ။မျှဝေခွင့်ရှိတယ်ဆိုလို့ တင်လိုက်တာပါ။ ကဲ… ဒီနေ့တော့ ဒီလောက်ပဲ။မနက်ဖြန်ညမှ ဆက်ရအောင်။

Continue reading “Internet & Email”

Just A Knowledge

ကျွန်တော် သိသလောက်။ ပြောပြဖို့ လွယ်တဲ့ အကြောင်းတွေ သင်ခန်းစာတွေ အကုန်လုံးကို မျှဝေသွားပေးမယ်။ တချို့အရာတွေကတော့လည်း စာတွေ့နဲ့ပြောရတာ ခက်ခဲတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး ဆက်ပြီး သင်သွားမှာပါ။

ဒီ Course ရဲ့ ပထမဆုံးနေ့မှာတော့ အကုန်သိကြတဲ့ google အကြောင်းပါ။ google ရဲ့ service တွေက အများကြီးပါ။ ကျွန်တော်တို့ လူတိုင်းသိကြတာကတော့ google ဆိုတာ search engine တစ်ခုပါ။ တစ်ခြား service ထဲမှာ နာမည်အကြီးဆုံးကတော့ gmail ပါပဲ။ မြန်မာတော်တော်များများမှာ gmail ရှိကြပါတယ်။ တခြား လူသိများပြီး မြန်မာတော်တော်များများသိကြတာကတော့ blogspot ပါ။ စာရင်းကတော့ ဒီမှာ ကြည့်လိုက်ပါ။ အဲမှာ မပါပဲ ကျွန်တော်တို့ web developer တွေသုံးသင့်တာကတော့ google webmaster tool ပါ။ ကိုယ့် website ကို google မှာ လွယ်လင့်တကူရှာနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ တခြား web developer သုံးကြတာကတော့ google apps ပါ။ saturngod at mysteryzillion.com လိုမျိုး ကိုယ့်ရဲ့ @mysteryzillion.com ကို google ရဲ့ service ယူထားလို့ gmail feature နဲ့ gtalk ပါ ရပါတယ်။
Continue reading “Just A Knowledge”

HTML

ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။ ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepage များကို အလွယ်တကူ ယူဆောင်နိုင်လေပြီ။ Internet ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။ အလွယ်ရှင်းရရင်တော့ Internet ဆိုတာ ကမ္ဘာ ပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသော Network ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။ ရေးသားထားတဲ့ Web Page တွေကို Web Browser Software နဲ့ ကြည့်ရှုရပါတယ်။ Web Broswer Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။ ဒါကြောင့် web site တွေကို ဖန်တီးရာမှာ အခြေခံအကျဆုံး HTML ကို စာအုပ်လေးရေးသားထားပါ့တယ်။ Size သေးအောင် 7Zip နဲ့ချံု့ထားပါတယ်။ ဒါကြောင့် 7Zip ကိုသွင်းဖို့တော့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် browser တွေမှာ ဖတ်လို့ရအောင် .swf file လေးလည်း ပေးထားပါတယ်။ နှစ်သက်ရာကို download ချယူနိုင်ပါတယ်။

Continue reading “HTML”

Learning Jquery 1.3

Chapter 1 : Getting Start

အခုအချိန်မှာတော့ Web လောကမှာ dynamic တွေဖြစ်ကုန်ပြီး site တွေကို ဆွဲဆောင်မှုရှိလာအောင် interactive ဖြစ်လာအောင် developer တွေက ဖန်တီးလာတယ်။ အဲဒီလို ဖန်တီးရာမှာ လွယ်ကူလာအောင် JQuery လိုမျိုး javascript library တွေ အသုံးပြုလာတယ်။ Jquery ဟာ javascript library ဖြစ်ပြီး အခုအချိန်မှာ လူတောှတောှများများ အသုံးပြုရွေးချယ်နေကြပါတယ်။ Jquery မှာ function တွေအများအပြားရှိပြီးတော့ အခြား plugin တွေများပြားလို့လည်း လူသုံးများလာတယ်ဆို မမှားပါဘူး။ Jquery ဟာ HTML သာမက Cascading Style Sheets (CSS) တို့မှာရှိတဲ့ function တွေကို ခေါှပြီး အသုံးပြုလို့ရတယ်။ JQuery ကို အသုံးပြုမယ်ဆိုရင် programming skill အနည်းငယ်ရှိရမှာ ဖြစ်ပြီး web developers တွေအနေနဲ့ကတော့ programming experience ရှိပြီး javascript တတ်ကျွမ်းထားပြီးတွေ ဖြစ်တဲ့အတွက်ကြောင့် web developer တွေအနေနဲ့ jquery ကို လွယ်လွယ်နဲ့ လေ့လာနိုင်ပါတယ်။ အဲ တခြားအပိုင်းတွေ မပြောသေးခင် Jquery ဘာတွေ လုပ်နိုင်လဲဆိုတာ စပြောရအောင်။ Continue reading “Learning Jquery 1.3”

Simple Program Design

စတင်ခြင်း

Programming ကို မတတ်မြောက်ခင်မှာ pseudo နဲ့ flow chat သိဖို့လိုပါတယ်။

Pseudo ဆိုတာ

Pseudoဆိုတာကတော့ programming တစ်ခု မစခင်မှာ ပထမဆုံး ပုံစံကြမ်းချရေးတဲ့ codeပေါ့။ pseudo code ကို ဖတ်ပြီး ဘယ် programmer မဆို မိမိ အသုံးပြုတဲ့programming နဲ့ ရေးသားနိုင်ပါတယ်။ တနည်းအားဖြင့် pseudo code ဆိုတာကတော့လူတိုင်း ဖတ်လိုက်တာနဲ့ နားလည်အောင် ရေးသားထားတဲ့ code ကို ဆိုတာပါ။ Continue reading “Simple Program Design”