Design Resources

UI Design Resource ဆိုပြီးတော့ Post ရေးခဲ့ဖူးပါတယ်။ အခုတလော သဘောကျတဲ့ Design နဲ့ ပတ်သက်တဲ့ resources လေးတွေကို ပြောပြချင်ပါတယ်။

premiumpixels

premiumpixels.com ကို Smashing Magazine က ညွှန်းလို့ တွေ့ခဲ့ပါတယ်။ 365psd.com လောက် အမြောက်အများမရှိပေမယ့် လှပတဲ့ UI design PSD တွေကို အခမဲ့ လွတ်လပ်စွာ သုံးခွင့်ပေးထားပါတယ်။ License နဲ့ ပတ်သက်ပြီးတော့

All resources made available on Premium Pixels, including but not limited to, icons, images, brushes, shapes, layer styles, layered PSD’s, patterns, textures, web elements and themes are free for use in both personal and commercial projects.

လို့ ဆိုထားတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ commercial projects တွေမှာလည်း အခမဲ့ ထည့်သုံးခွင့်ရှိပါတယ်။


Continue reading “Design Resources”

Making Todolist with node.js and mongo Part III

ရှေ့ပိုင်းတွေမှာတော့ Node.js အကြောင်းပြောပြီးပါပြီ။ အခု အပိုင်းမှာတော့ mongodb အကြောင်း အနည်းငယ်ပြောပါမယ်။ Mongodb အကြောင်း ပြောပြီးမှပဲ project ရဲ့ တည်ဆောက်ပုံကို နားလည်မှာပါ။ Mongodb က NOSQL database ဖြစ်ပြီးတော့ document storage ကို အသုံးပြုထားပါတယ်။ Mongodb အကြောင်းကို ရေးဖူးပြီးသား ဖြစ်တဲ့အတွက်ကြောင့် အောက်က link တွေမှာ ဖတ်လိုက်ပါ။

  1. http://www.saturngod.net/knowledgebase/nosql
  2. http://www.saturngod.net/knowledgebase/nosql-part-2

အဲဒါကို ဖတ်ပြီးရင်တော့ အမြန်ဆုံး လေ့လာရလွယ်အောင် http://www.mongodb.org/ မှာ Try It Out ကို နှိပ်ပြီး tutorial လေးကို လက်တွေ့ စမ်းသပ်နိုင်ပါတယ်။ အဲဒါလေး ပြီးရင်တောင project လေးကို စလို့ရပါပြီ။

Syntax Highlighting on MZ

MZ မှာ code အတွက် syntax highlight လုပ်ချင်ပါက ကို နှိပ်ပါ။

ထို အခါ code view ရောက်သွားမည်။ code view ထဲတွင် code ထည့်သည့်အခါ pre tag နှင့် ထည့်ရမည်။

<pre lang=”your language”>

ဒီနေရာမှာ code ထည့်ပါ။

</pre>

အောက်က ပုံလို မျိုး ထည့်သွင်းရေးရပါမည်။

post တင်လိုက်တဲ့ အခါမှာတော့ syntax highlighting နှင့် ထွက်လာပါမည်။

အသုံးပြုလို့ရတဲ့ language တွေကတော့

  • applescript
  • actionscript3 as3
  • bash shell
  • coldfusion cf
  • cpp c
  • c# c-sharp csharp
  • css
  • delphi pascal
  • diff patch pas
  • erl erlang
  • groovy
  • java
  • jfx javafx
  • js jscript javascript
  • perl pl
  • php
  • text plain
  • py python
  • ruby rails ror rb
  • sass scss
  • scala
  • sql
  • vb vbnet
  • xml xhtml xslt html

Ornagaime Winner

အောက်ပါ လူ ၁၀ ယောက်ကတော့ ကံထူးရှင် ၁၀ ဦးပါပဲ။ ၁၀ ယောက်လုံးကို promo code mail ပို့ထားပြီး အသုံးပြုပုံ ကိုလည်း mail ပို့ထားပါတယ်။

ကို ဖိုးချမ်း နဲ့ ကို မောင်အောင် တို့က ဝယ်ပြီးသွားပြီဆိုတဲ့ အတွက်ကြောင့် SQL ထဲမှာ သူတို့ ပြန်မပါလာအောင် condition စစ်ပြီး random ထုတ်ထားပါတယ်။

စည်းကမ်းချက်က ပါဝင် ကံစမ်းသူများသည် App Store account ရှိပြီး iOS 4.0 နှင့် အထက် ရှိသူများ ဖြစ်တဲ့အတွက်ကြောင့် promo code ကို လွယ်လင့် တကူ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Ornagaime Giveaway

Ornagaime ( Myanmar to English ) Dictionary ကို မဲ ၁၀ ခု ဖောက်ပေးပါမယ်။ Ornagaime ဟာ Myanmar to English Dictionary ဖြစ်ပြီး အခုအချိန်မှာတော့ Version 0.5.1 ပဲ ရှိပါသေးတယ်။ Ornagaime ဟာ နောက်ပိုင်း version တွေ ထပ်ပြီး update လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ နောက်ထွက်မယ့် version တွေမှာ

syllable break – ကို ဆိုတာကို ရှာရင် ကိုး ဆိုတဲ့ စာလုံးမထွက်လာအောင်
normalization – က-ိ-ု ပဲ ရိုက်ရိုက် က-ု-ိ ပဲ ရိုက်ရိုက် အဖြေတစ်ခုတည်းထွက်လာအောင်

စတာတွေ ပါရှိလာပါမယ်။

ကံစမ်းမဲတွင် ပါဝင်လိုတဲ့သူတွေကတော့ အောက်မှာ comment ဝင်ရေးလိုက်ရုံပါပဲ။ comment ရေးတဲ့အခါမှာ email အမှန်ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး App store account ရှိတဲ့သူဖြစ်ပြီး iPhone OS 4.0 နှင့်အထက် ရှိရပါမယ်။

* jailbreak ဖြစ်ရန် မလိုအပ်ပါ။ application အတွက် keyboard နှင့် font built in ထည့်သွင်းထားပါသည်။

မဲပေါက်သူများကို April 22 ရက်နေ့ Good Friday မှာ ကြေငြာပါ့မယ်။

Cloud Computing Explained

Cloud ဆိုတာ ဘာလဲဆိုတာကို သေသေချာချာ ရှင်းပြထားတဲ့ video လေးပါ။ Cloud ဆိုတာကို နားမလည်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ video ဆိုလည်း မမှားပါဘူး။

1 million downloads , Wunderlist

Todo list တွေ လုပ်ထားတတ်တဲ့ အကျင့်ရှိပါသလား။ Project တွေအလိုက် ခွဲပြီး Todo list တွေ အသုံးပြုသလား။ Wunderlist က Todo list ဖန်တီးတတ်တဲ့ သူတွေ အတွက် အသုံးဝင်တဲ့ App တစ်ခုပါ။ အခုအခါမှာတော့ Wunderlist က download 1 million ရှိသွားပါပြီ။ iPad , iPhone မှာ စပြီး မိတ်ဆက်ခဲ့ပြီး windows , mac , linux စတာတွေအတွက် app ပါရှိပြန်ပါတယ်။

အခုအခါမှာတော့ Web Version , Android Version ပါ ရနေပါပြီ။ Todo list တွေ လုပ်တတ်တဲ့ အကျင့်ရှိတဲ့သူတွေအတွက်ကတော့ အရမ်းကို အသုံးဝင်တဲ့ cloud todo list ပါပဲ။ လျှင်လျှင်မြန်မြန်နဲ့ 1 million downloads ရရှိသွားပါတယ်။ သို့ပေမယ့် သူရဲ့ 1 million downloads က device အားလုံးပေါင်း 1 million လို့ ထင်ပါတယ်။ ဥပမာ ။။ user တစ်ယောက်က windows သို့မဟုတ် osx အတွက် download ချပါလိမ့်မယ်။ ထို့အတူ သူ့မှာ phone ရှိရင်လည်း အဲဒီအတွက် ထပ်ချပါလိမ့်မယ်။ ဒါကြောင့် 1 million download လျင်လျင်မြန်မြန် ရရှိသွားတာပါ။ ဘာပဲပြောပြော တကယ့်ကို အသုံးဝင်တဲ့ App တစ်ခုပါ။

Macbook Pro အသစ်ထွက်

Macbook Pro အသစ်ထွက်မယ်ဆိုပြီး သတင်းထွက်နေတာတော့ ကြာပြီ။ နောက်ပြီး Steve ရဲ့ မွေးနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထွက်မယ်လို့ သတင်းထွက်နေတဲ့ အတိုင်း ထွက်လာပါပြီ။ Happy Birthday Steve Job !!!! Macbook Pro အသစ်မှာ ထူးထူးခြားခြား ပါလာတာကတော့ Thunderbolt ပါ။ Thunderbolt က လက်ရှိ USB 2.0 ထက် ၁၂ ဆ မြန်ပြီးတော့ USB 3.0 ထက် ၁၀ ဆ မြန်ပါတယ်။ Intel က ထုတ်လုပ်လိုက်တဲ့ Technology တစ်ခုပါပဲ။ သူ့ရဲ့ File ကူးနှုန်းက 10Gbps ပါ။ ၁ စက္ကန့်ကို 10 Giga bit ကူးနိုင်ပါတယ်။ Thunderbolt ပါတဲ့ ပထမဆုံး laptop လို့ ဆိုရမှာပါ။ နောက်ပြီးတော့ Facetime အတွက် front camera က HD camera ဖြစ်သွားပါတယ်။ ထူးခြားတဲ့အချက်နောက်တစ်ခုကတော့ Power cable plug design ပြောင်းသွားပါပြီ။

နောက်ထပ် သဘောကျစရာကောင်းတာကတော့ Core i5 2.3GHz processor နဲ့ 13 လက်မ ပါ။ ဒါမှမဟုတ် Core i7 2.7 GHz အမျိုးအစားလည်း ရှိပါတယ်။ ၁၅ နဲ့ ၁၇ လက်မတွေကတော့ quad-core Intel Core i7 processor with 6MB shared L3 cache ကို အသုံးပြုထားပါတယ်။ ၁၅ လက်မအတွက် 2.0 or 2.2 GHz ရှိပါတယ်။ ၁၇ လက်မကတော့ 2.2 GHz တစ်မျိုးတည်းပါ။

Graphic ကိုတော့ Intel HD Graphics 3000 အသုံးပြုထားပါတယ်။ 15 နဲ့ 17 လက်မတွေ အတွက်ကတော့ AMD Radeon graphics ကို သုံးထားပြီး ပြီးခဲ့တဲ့ မျိုးဆက်ထက် ၃ ဆ မြန်တယ်လို့ ဆိုပါတယ်။ လက်ရှိ ထွက်နေတဲ ့ သတင်းတွေထဲက မမှန်တာကတော့ အမည်းရောင် Macbook Pro ထွက်မလားဆိုတဲ့ သတင်းပါ။ အခုက Design ကတော့ ဘာမှ ထွေထွေ ထူးထူး မကွာသွားပါဘူး။ သို့ပေမယ့် Display ကတော့ ပိုကောင်းလာပါတယ်။ ၁၃ လက်မက S$1,648 ပဲရှိပါတော့တယ်။ အရင်တုန်းက Macbook Pro ထွက်ထွက်တုန်းက S$2000 လောက်ရှိခဲ့တာ အခု စျေး အများကြီးသက်သွားပါတယ်။ ဘယ်တော့လောက် စထွက်မယ်ဆိုတာကိုတော့ မကြေငြာသေးပါဘူး။

QT ကို ပြောင်းတော့မယ့် Ubuntu

Ubuntu 11.10 ကနေ စပြီး Ubuntu က Gtk+ ကနေ QT ကို ပြောင်းသုံးတော့မယ်လို့ ဆိုပါတယ်။ 2011 နှစ်ကုန်ပိုင်းလောက်မှာတော့ Ubuntu 11.10 ထွက်ပါလိမ့်မယ်။ မကြာခင်မှာ ထွက်လာမယ့် Ubuntu 11.04 , Natty Narwhal မှာတော့ Gtk+ ကိုပဲ သုံးစွဲ ထားပါသေးတယ်။ လက်ရှိ အသုံးပြုထားတဲ့ Gnome ကတော့ Gtk+ လိုအပ်ပါတယ်။ ဒါဆို ဘာကြောင့် Qt ကို ပြောင်းတာလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်စေပါတယ်။ Qt ကတော့ small-screen interface တွေအတွက် ဖြစ်ပြီးတော့ netbook တွေ mobile တွေအတွက် design ရေးဆွဲထားတာပါ။ Ubuntu ဟာ mobile တွေ netbook တွေ tablet တွေဆီကို ဦးတည်ဖို့အတွက် Qt ကို ပြောင်းတာ ဖြစ်နိုင်ပါတယ်။

Qt

Qt ဆိုတာနဲ့ Nokia ကို ပြေးမြင်ကြမှာ အမှန်ပါပဲ။ Qt ဟာ application framework ပြီးပြီး လက်ရှိ Nokia Symbian နဲ့ Maemo phones တွေမှာ အသုံးပြုနေပါတယ်။ Qt ဟာ cross-platform ဖြစ်ပြီး Windows, Mac နဲ့ Linux တွေမှာ အသုံးပြုနိုင်ပါတယ်။ Developer တွေဟာ Ubuntu 11.10 အတွက် Qt နဲ့ ရေးသားဖို့လိုအပ်လာပြီး desktop , laptop, tablets နဲ့ smartphones တွေမှာ တစ်ခါတည်း run လာနိုင်ပါလိမ့်မယ်။

Mobile

Canonical ဟာ tablets နဲ့ smartphone လောကကို ဝင်လာဖို့ ရှိပါတယ်။ တကယ်လို့ Ubuntu ဟာ smarphone လောကထဲကို နောက်နှစ်ထဲလောက် ဝင်လာမလား လို့ သံသယ ဖြစ်စရာပါပဲ။ လက်ရှိ Tablet တွေ ခေတ်စားလာတာနဲ့ အမျှ Ubuntu ဟာ tablet စျေးကွက်ထဲကို တိုးမဝင်နိုင်သေးပါဘူး။ Ubuntu ဟာ tablet လောကထဲ ဝင်လာခဲ့ရင်တော့ android နဲ့ အပြိုင်ဖြစ်လာပြီး tablet တွေလည်း ပိုမိုများပြားလာဖို့ ရှိပါတယ်။

ဆိုးတာ ကတော့ လက်ရှိ Gtk+ အတွက် ရေးထားတာတွေက Ubuntu 11.10 မှာ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ သို့ပေမယ့် Mobile Tablet စျေးကွက်မှာ Apple အတွက် Android အပြင် နောက်ထပ် ပြိုင်ဘက်အနေနဲ့ Ubuntu ပါ ရောက်လာဖွယ်ရှိပါတယ်။

Instagram 1.07 တွင် filter အသစ် ၂ ခု ပါဝင်

Instagram version အသစ်ကို iPhone OS app store မှာ ရရှိနိုင်ပါပြီ။ လက်ရှိ version မှာတော့ bug fixes တော်တော်များများ လုပ်ထားပြီး localization improvements လည်း လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် filter အသစ် ၂ ခု ဖြစ်တဲ့ Walden နဲ့ Hefe ကို လည်း ထပ်မံ ထည့်သွင်းထားပါတယ်။ အခြား ထူးထူးခြားခြား အကြီးမားဆုံး ပြောင်းလဲမှုတွေတော့ မပါရှိပါဘူး။

Apple Release iOS 4.3 Beta

Apple iOS 4.3 Beta ကို iPhone , iPad, iPodTouch တို့အတွက် ထုတ်ပေးလိုက်ပါပြီ။ အသစ်ပါဝင်လာတဲ့ feature တွေကတော့ wifi hotspot , stream video to Apple TV using AirPlay, iAd full screen banners, and HTTP Live Streaming statistics , Multitasking Gestures တို့ပါပဲ။ အခုအချိန်မှာတော့ $99/year or Enterprise developer တွေပဲ download ချ ပြီး အသုံးပြုလို့ရပါသေးတယ်။ ခန့်မှန်းရတာတော့ iPad 2 နဲ့ အတူတူ ထွက်ရှိလာဖို့ရှိပါတယ်။

VLC get pulled from app store

VLC player ကို ဒီနေ့ မနက်မှာ App store မှာ မရှိတော့ပါဘူး။ VLC ဟာ video format တော်တော်များများကို ဖွင့်လို့ရတဲ့ Player တစ်ခုဖြစ်ပါတယ်။ နောက်ပြီး VLC player ဟာ GPL license အောက်မှာ ရှိပြီးတော့ VLC iOS ကိုတော့ apple license အောက်မှာ တင်ရပါတယ်။ ဒီ လိုင်စင် ကိစ္စဟာ အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။ Applidium က ထုတ်လိုက်တာလား Apple က ထုတ်လိုက်တာ လားတော့ မသိသေးပါ။ ဘာပဲ ပြောပြော iPhone , iPad user တွေအတွက်တော့ ဝမ်းနည်းစရာ သတင်းတစ်ပုဒ်ပါပဲ။

App Store Will Come Tonight

ဒီနေ့ည မြန်မာ စံတော်ချိန် ၁၁ နာရီခွဲ စကာင်္ပူ စံတော်ချိန် ၁ နာရီ မှာ App Store ကို စသုံးလို့ရပါလိမ့်မယ်။ Mac App ပေါင်း ထောင်ကျော်ရှိမယ်လို့ ဆိုပါတယ်။ နာမည်ကြီး App တွေကို စတင် ဝယ်ယူသုံးစွဲလို့ရပြီး iOS App လိုမျိုး download , update လွယ်လွယ်ကူကူ သုံးစွဲလို့ရပါလိမ့်မယ်။ အရင်တုန်းက DVD package နဲ့ ရောင်းတဲ့ iWork လိုမျိုး App တွေကို ခွဲပြီး ဝယ်ယူလို့ရလာနိုင်တဲ့အတွက် စျေးသက်သာသွားမှာတော့ သေချာပါတယ်။ iWork package မှာ ကျွန်တော်တို့ မသုံးတဲ့ App တွေရှိတယ်။ အဲဒီအတွက် သီးသန့် ပိုက်ဆံ ပေးပြီး အရင်က ဝယ်ခဲ့ရပေမယ့် အခုတော့ Pages တစ်ခုတည်း ဝယ်ချင်လည်း ဝယ်လို့ရပါပြီ။

Motorola Xoom


Motorola က tablet ထုတ်မယ်လို့ ရေးထားပြီးပါပြီ။ CES 2011 မှာ Xoom အမည်နဲ့ Android 3.0 ကို အသုံးပြုပြီး ထုတ်လိုက်ပါပြီ။ ပထမဆုံး Android 3.0 Tablet လို့ ဆိုလည်းရပါတယ်။ 3G network ကနေ 4G network ကို upgrade လုပ်လို့ရတယ်လို့ ဆိုပြန်တယ်။ CPU ကတော့ NVIDIA Tegra 2 Dual Core 1 GHz နဲ့ RAM ကလည်း 1 GB ပါ။ Flash Room 32 GB အပြင် အခြား ထပ်ပြီး microSDHC ကို 32 GB ထိ တိုးလို့ရပါသေးတယ်။ storage ကတော့ ရှယ်ပေါ့ဗျာ။ အရွယ်အစားကတော့ 10.1 လက်မ ရှိပါတယ်။ Resoultion ကတော့ WXGA (1280 x 800) ရှိတယ်။ iPad Killer လားလို့တောင် မေးခွန်းထုတ်ရတဲ့ Tablet တစ်ခုပါ။ နောက်ပြီး Flash Player support လုပ်တဲ့အတွက် Flash game တွေ video တွေကြည့်ချင်တဲ့လူတွေ အတွက် အဆင်ပြေတာပေါ့။

Honeycomb/Android 3.0

Google Android 3.0 မှာ ဒီလို တွေ မြင်ရပါလိမ့်မယ်။ ထူးခြားတာကတော့ 360 degree Wall ပါပဲ။ UI Design ကတော့ Android 2 ထက် အများကြီး သာလွန်သွားပါတယ်။ Android 3.0 ဟာ Tablet တွေ အတွက် ဖန်တီးထားတာဖြစ်တဲ့အတွက် နောင်တချိန် Android Tablet တွေ အများကြီး တွေ့ရပါလိမ့်မယ်။
Continue reading “Honeycomb/Android 3.0”