iPhone Development Intro – 1

iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။

Prepare for development

နာက်တစ်ခုကတော့ iPhone Application ပါ။ iPhone Application ကို စတင်တော့မယ်ဆိုရင် နည်းလမ်းတွေ အများကြီးရှိပါတယ်။ သို့ပေမယ့် ကျွန်တော် Native ကိုပဲ အဓိက ပြောမှာပါ။ စတင်ရေးသားတော့မယ်ဆိုရင် မရေးသားခင် ပြင်ဆင်ရမှာတွေကတော့

  • iPhone SDK
  • Mac OS X
  • Developer Account ( နောက်ပိုင်း လိုအပ်လာမှာပါ )
  • iPhone or iPad or iPodTouch ( Developer account ရှိလာတဲ့အခါမှာ လက်တွေ့စမ်းသပ်ဖို့အတွက် )

စတာတွေ လိုအပ်ပါတယ်။ ဒုတိယ ၂ ချက်ကတော့ နောက်ပိုင်း လိုအပ်ချက်တွေပါ။ ပထမဆုံး အချက်၂ ချက်ဖြစ်တဲ့ Mac OSX ရှိဖို့နဲ့ iPhone SDK 2.3 GB ကို download ချဖို့လိုပါတယ်။ Download ချလို့ သွင်းပြီးပြီဆိုရင်တော့ သင့် Mac OS X ရဲ့ 

/Developer/Applications/XCode.app

ကနေ စတင် ရေးသားနိုင်ပါပြီ။

xcode

Xcode ကို ဖွင့်လိုက်ရင် အပေါ်က ပုံလို မြင်ရမှာ ဖြစ်ပြီး Create New Project ကို နှိပ်ပြီး project တစ်ခု စတင်ဖန်တီးနိုင်ပါတယ်။

create project

Project တွေကို

  1. Navigation Base Application (Navgation Bar ကို အဓိကထားရေးသားရန်)
  2. OpenGL ES Application (Game များ Graphic များ အဓိကထားရေးသားရန်)
  3. SplitView Base Application (iPad Application အဓိက ရေးသားရန်)
  4. Tab Bar Application (Tab Bar ကို အဓိကထား ရေးသားရန်)
  5. Utilities Application (Utilities Program များအတွက်)
  6. View Base Application (View ကို အဓိကထားရေးသားရန်)
  7. Windows Base Application (Windows ကို အဓိကထားရေးသားရန်)

ဆိုပြီး ပါပါတယ်။ Game တွေ ရေးမယ်ဆိုရင်တော့ Objective – C အပြင် OpenGL ကိုပါ နားလည်ဖို့ လိုအပ်ပါတယ်။ အခြားဟာတွေကတော့ Objective – C ကို လေ့လာဖို့လိုပါတယ်။

iPhone SDK and MVC

iPhone SDK က MVC ကို အဓိက ထားသုံးထားပါတယ်။ Xib extension ရှိတဲ့ Interface Builder နဲ့ .h extension Controller နဲ့ .m extension Model အဲဒီ ၃ ခု ချိတ်ဆက်ပြီး ရေးသားရပါတယ်။ Interface Builder မှာ လိုအပ်တဲ့ GUI ကို Drag & Drop လုပ်ပြီး ရေးဆွဲနိုင်ပါတယ်။

pr

Objective – C ကို ဘယ်လိုလေ့လာရမလဲ။

Objective – C ကို လေ့လာဖို့အတွက် အလွယ်ဆုံးနည်းကတော့ iTuneU ကနေ တဆင့် သင်ကြားခြင်းပါပဲ။ StanFord က iPhone Application Development course က တော်တော်လေးကို ကောင်းပါတယ်။ နောက်ပြီး ebook တွေကနေ တဆင့် သင်ကြားနိုင်ပါတယ်။ iPhone SDK အတွက် Ebook စာအုပ်တွေ အများကြီးရှိပါတယ်။ သို့ပေမယ့်လည်း အချို့စာအုပ်တွေက iPhone SDK2 စာအုပ်တွေ ဖြစ်နေပါတယ်။ အကောင်းဆုံးကတော့ iPhone SDK 3.2 သို့မဟုတ် 3.1 စာအုပ်တွေကို ဖတ်ဖို့ လိုအပ်ပါတယ်။ စာအုပ်တွေ အတန်အသင့်ဖတ်ပြီးပြီ video ကနေ လည်း လေ့လာပြီးပြီဆိုရင်တော့ iPhone OS Reference Library ကနေ လိုအပ်တာလေးတွေ ရှာဖွေလေ့လာနိုင်ပါပြီ။

ဆက်ပါအုံးမည်….

Leave a Reply

Your email address will not be published. Required fields are marked *