28
2010
Mark Zuckerberg သူ့ပိုင်ဆိုင်မှု တော်တော်များများ လှုဒါန်း
ဒီ သတင်းဟာ ဒီဇင်ဘာလဆန်း ကတည်းက သတင်းပါ။ သို့ပေမယ့် သေသေချာချာ မသိသေးတဲ့ သူတွေအတွက် ပြန်လည် ရေးသားပေးလိုက်ပါတယ်။ Facebook ရဲ့ ဖန်တီးရှင် Mark Zuckerberg ။ အသက် ၂၆ နှစ်အရွယ် ဘီလျံနာ။ သို့ပေမယ့် သူ့ပိုင်ဆိုင်မှုတွေ တော်တော်များများကို လှုဒါန်းမယ်လို့ ဆိုပါတယ်။ Bill Gates and Warren Buffet တို့စခဲ့သည့် "Giving Pledge" မှာ လှုဒါန်းမယ်လို့ သဘောတူပြီးဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ပထမဆုံး အလှုလည်း မဟုတ်ပါဘူး။
27
2010
IBM ရဲ့ နောက် ၅ နှစ် ခန့်မှန်းချက် ၅ ခု
IBM lab ရဲ့ နောက် ၅ နှစ်အတွင်း ဖြစ်လာနိုင်မယ့် အရာ ၅ ခု ခန့်မှန်းချက် video ပါ။ အဲဒီ ၅ ချက်ထဲမှာ ကျွန်တော်တို့ လူတွေ လိုချင်နေတဲ့ star wars ထဲကလို holograms ကို တွေ့မြင်ရလိမ့်မယ်လို့ ဆိုပါတယ်။
26
2010
Android Grew 420 Percent in 2010
Mobclix ရဲ့ ၂၀၁၀ report အရ Android ဟာ ၄၂၀ ရာခိုင်နှုန်း ကြီးထွားလာခဲ့ပါတယ်။ ထို့အတူ iPhone ကလည်း ၃၄၇ ရာခိုင်နှုန်း တိုးတက်ကြီးထွားလာခဲ့ပါတယ်။ In App purchase က စီးပွားရေး နည်းအသစ် လို့ ဆိုလို့ရလာပါတယ်။ Free app တွေ ပေးထားပြီး full version upgrade လုပ်ချင်ရင် လုပ်လို့ရတဲ့ နည်း အသစ်ပေါ့။ game မှာ မြေပုံတွေ map တွေကို app purchase နဲ့ အသုံးပြုလာပါတယ်။ Game ဟာလည်း ဒီနှစ်မှာ ထိပ်ဆုံး ရှိနေဆဲပါပဲ။ 70% top app တွေဟာ game တွေ ဖြစ်နေဆဲပါ။ smartphone တွေကို ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး 2.8 hours/day နှုန်းနဲ့ app ကို အသုံးပြုလာကြပါတယ်။
24
2010
Cambridge က လုပ်နေတဲ့ Mind Reading
Cambridge University ရဲ့ Computer Laboratory က Professor Peter Robinson က mind reading machine လို ဆိုထားတဲ့ project ကို လုပ်နေပါတယ်။ video လေးကြည့်လိုက်ရင်တော့ သဘောကျသွားမှာပါ။
23
2010
အာကာသထဲ ရောက်သွားတဲ့ Android
Nexus S ကို ဘောလုံးနဲ့ အာကာသထဲကို လွှင့်တင်ပြီး video ရိုက်ထားတာလေးပါ။ Google Map for Mobile 5.0 , Google Sky Map , Latitude အပြင် custom sensor-logging app ကို အသုံးပြုပြီး GPS နဲ့ track လုပ်ပြီး လွှင့်တင်လိုက်ပါတယ်။ ကမ္ဘာမြေမျက်နှာပြင်ကနေ ပေပေါင်း 100,000 ကျော် ရောက်ရှိခဲ့ပြီး project ကတော့ ကျွန်တော်တို့ရဲ့ atmosphere အနားသပ်တွေရဲ့ data တွေကို စုစည်းဖို့အတွက်ပါ။ CrunchBase Information Android Information provided by CrunchBase
23
2010
Instagram Android အတွက် ထုတ်မည်
1 Million registered user ရှိတဲ့ iPhone photo share instargram ဟာ android phone အတွက် ထွက်ရှိမယ်ဆိုပါတယ်။ Instagram co-founder Kevin Systrom က သူတို့ Android အတွက် ရေးဆွဲနေပြီလို့ဆိုပါတယ်။ techcrunch မှာလည်း confirm လုပ်ထားပြီးပါပြီ။ TechCrunch မှာ သူပြောထားတာကတော့ "Android အတွက်က ငါ့တို့အတွက် အရေးကြီးပါတယ်။ အခြားလူတွေအတွက်လည်း အရေးကြီးမယ်ထင်ပါတယ်" လို့ ဆိုပါတယ်။ ဒါကြောင့် Android version မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။ CrunchBase Information Instagram Information provided by CrunchBase
23
2010
Skyfire Browser iPad Vesion ထွက်ပြီ
Skyfire browser ဆိုတာကတော့ Flash video တွေ ကို iPhone မှာ ကြည့်လို့ရအောင် ဖန်တီးပေးထားတဲ့ browser ပါ။ အခု iPad version အတွက်ရပါပြီ။ $4.99 ရှိပါတယ်။ convert လုပ်ပေးတဲ့ Video Quality က အရမ်းမကောင်းပေမယ့် ကြည့်လို့ရပါတယ်။ Sound Quality ကတော့ flash အတိုင်းရပါတယ်။ သို့ပေမယ့် flash music playing website တော်တော်များများ အလုပ်မလုပ်နိုင်ပါဘူး။ အထူးသဖြင့် Grooveshark ကဲ့သို့ online radio လည်း အလုပ်မလုပ်နိုင်ပါ။ Game တွေကတော့ ကစားရဖို့က အဆင်မပြေပါဘူး။ soial integration ထည့်ထားတဲ့အတွက် facebook , twitter တွေကို share လို့ရပါလိမ့်မယ်။ Safari လောက်တော့ မမြန်ပါဘူး။ flash video တွေ ကြည့်ချင်တဲ့လူတွေအတွက်တော့ အဆင်ပြေမယ့် browser တစ်ခုပါ။ CrunchBase Information Skyfire Labs Information provided by CrunchBase
22
2010
Apple removes wikileak app
နာမည်ကြီးနေတဲ့ Wikileak က data တွေကို ဖောပြထားပြီး download ချခွင့်ပေးထားတဲ့ unofficial wikileak app ကို Apple app store ကနေ remove လုပ်လိုက်ပါပြီ။ Apple ကတော့ "because it violated our developer guidelines" ဆိုပြီး ပြောပါတယ်။ $1.99 နဲ့ ရောင်းချခဲ့ပြီး ရေးသားသူ Russia Developer , Barinov ဟာ $1,000 ဖိုး ရောင်းချပြီးပြီလို့ ဆိုပါတယ်။ သို့ပေမယ့် app report အရကတော့ download ပေါင်း 2,860 ချခဲ့ပြီး ရောင်းချရငွေ $5,691.40 ရှိတယ်လို့ ဆိုပါတယ်။ Apple အနေနဲ့လည်း ရရှိတဲ့ အကျိုးအမြတ်က မနည်းပါဘူး။ စုစုပေါင်းရောင်းချလို့ရငွေ 30% ကို apple က အကျိုးအမြတ်အနေနဲ့ ရပါတယ်။ 70% ကသာ developer က ရပေမယ့် apple ကတော့ wikileak app ကို [...]
22
2010
3D gesture-sensing dock
Kinet ကို ကြည့်ပြီး သဘောကျနေတယ်ဆိုရင် Elliptic Labs က ထုတ်လိုက်တဲ့ iPad Dock ကိုလည်း သဘောကျမိမှာပဲ။ iPad ကို Touch စရာမလိုပဲ လေထဲမှာ လက်လေး ဝှေ့ယမ်းပြီး အသုံးပြုလို့ရပြီ။ မသိရင်တော့ Hero ကားထဲကလို power တွေ ရနေသလိုပဲပေါ့။ နောင်တချိန် Touch ဆိုတာထက် Kinet လိုမျိုး device တွေ ပြောင်းလဲ ပေါ်လာအုံးလေမလားမသိ။ Elliptic Labs က အခုလာမယ့် CES မှာ ပြသမယ့် Dock လေးပါ။ အထူးသဖြင့် အိမ်ထောင်ရှင်မ တွေ သဘောကျမယ့် အရာပါ။ ဟင်းချက် အညွှန်းကို iPad နဲ့ ကြည့်လို့ရပေမယ့် လက်တွေ ပေနေတဲ့ အခါ ဘယ်လို Touch မလဲ ? အဲလို ပြဿနာအတွက် လက်နဲ့ ထိစရာမလိုပဲ iPad ကို ခိုင်းစေလို့ရပါပြီ။ CES 2011 မှာတော့ အစမ်းတွေ တွေ့ရမယ်လို့ မျှော်လင့်မိရတာပဲ။
22
2010
JSON with javascript
Json ဆိုတာကတောာ့ avaScript Object Notation ဖြစ်ပြီး အခုနောက်ပိုင်း အသုံးများတဲ့ format ဆိုလည်း မမှားပါဘူး ။ web developer ဆိုရင်လည်း json ကို သိထားသင့်ပြီး iOS developer တွေ အနေနဲ့လည်း apple က plist နဲ့ တူတဲ့ အတွက်ကြောင့် သိထားသင့်ပါတယ်။json ကို JavaScript မှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။ အခြား ဘာ addon မှ မလိုပဲ အသုံးပြုနိုင်သလို php မှာလည်း ပါပြီးသားပါ။ language တော်တော်များများမှာတော့ JSON ကို ထည့်သွင်းလာပါတယ်။ နောက်ပြီး web api တွေ အများစုကလည်း json ကို အသုံးပြုပါတယ်။ facebook ရဲ့ graph api ဆိုလည်း JSON ပါပဲ။
22
2010
Instagram တွင် 1 Million Users ရှိပြီ
iPhone photo sharing application ဖြစ်တဲ့ Instagram ဟာ 1 million registered users ရှိပြီလို့ ဒီနေ့ပဲ ကြေငြာလိုက်ပါတယ်။ ၁၀ ပတ်ကြာ app ကို public ထုတ်ပြီးနောက်မှ 1 millions registered users ရှိလာခဲ့ပါတယ်။ Instagram က အရမ်းလျင်မြန်စွာ လူအသုံးများလာတဲ့ Application တစ်ခုလို့ ဆိုလို့ရတယ်။ iPhone နဲ့ ဓာတ်ပုံရိုက်ပြီး ဓာတ်ပုံတွေကို လွယ်လင့် တကူ share ရုံမက filter ကောင်းကောင်းလေးတွေပါ ထည့်လို့ ရတဲ့အတွက် လူသုံးများလာရပါတယ်။ Foursquare အနေနဲ့ 1 Million users ရဖို့ ၁ နှစ် အချိန်ယူရပြီး twitter အနေနဲ့ကတော့ ၂ နှစ် အချိန် ယူခဲ့ရပါတယ်။
22
2010
Motorola Tablet ထုတ်မည်
၂၀၁၁ မှာ motorola က tablet ထုတ်လာဖို့ရှိပါတယ်။ Android 3.0 Honeycomb ကို အသုံးပြုပါလိမ့်မယ်။ သူ့ရဲ့ Tablet Prototype ကိုတော့ Google ကတော့ ထုတ်ပြဖူးခဲ့ပါတယ်။ Mororoal က နောက်လ လာမယ့် CES 2011 မှာ ထုတ်ပြမယ့်သဘောအနေနဲ့ Tease video file ကို မနေ့က ပြသခဲ့ပါတယ်။ အခြား Tablet တွေထက် ဘာပိုထူးခြားမလဲဆိုတာတော့ သေချာမသိရသေးပေမယ့် Android 3.0 မှာ Tablet version အတွက် ပြန်လည်ပြုပြင်ထားမယ်လို့ ခန့်မှန်းရပါတယ်။ Video ကတော့ ဟိုး BC ကတည်းက tablet ပေါ်လာပုံကိုပြထားပြီး လက်ရှိ tablet တွေ အကြောင်းကို ဖော်ပြထားပါတယ်။ သို့ပေမယ့် motorola tablet ကို မဖော်ပြပဲ လျို့ဝှက်ချက်အနေနဲ့ ထားထားပြီး CES 2011 ဆိုပြီး ကြေငြာထားတာလေးပါ။
22
2010
Java ဖြင့် Game အသေးစားများ ရေးသားခြင်း
အားလုံးမင်္ဂလာပါ။ ကဲ ရှည်ရှည်ဝေးဝေး တော့ ပြောမနေတော့ဘူး။ စလိုက်ရအောင်။ Game သဘောတရားကို ဖွင့်ဆိုကြည့်ရင် 3D game မှမဟုတ်ပါဘူး။ CMD(Command Prompt) ထဲမှာ Roll a Dice ကို လုပ်တဲ့ program ကော ၊ argument ပေးပြီး yes no ပေါ်မူတည်ပြီး result ထုတ်ပေးတဲ့ program ကော game ထဲမှာ အကျံုး ၀င်ပါတယ်။ ဒါကြောင့် ဒီလို Command Game လေးတွေအရင်ရေးဖို့ အကြံပေးလိုပါတယ်။ မဟုတ်ပါဘူး။ DOS game လေးတွေရေးတတ်ပါတယ်။ GUI game ကိုမှ ရေးချင်သပဆိုရင်တော့ .... ကဲ ကျနော်လုပ်ထားတာလေးတွေပြောမယ်။ ဒီlevel မှာ ကျနော်က ခင်ဗျားကို java နဲ့ programming ကောင်းကောင်းရေးတတ်တယ်လို့ ယူဆပါတယ်။ ကဲ Thread နဲ့စဖွင့်လိုက်ရအောင်။ Thread ဆိုတာ ဥပမာပြောရရင် စားပွဲထိုး တစ်ယောက်ရဲ ့တာဝန် နဲ့တူပါတယ်။ စားပွဲထိုးဆိုတာ သာမန် လဘ္ကရည်ဆိုင်အဆင့်မဟုတ်ပါဘူး။ [...]
21
2010
Kno မနက်ဖြန်စပြီး ဖြန့်ချီတော့မည်
Kno ဆိုတာကတော့ Ubuntu Tablet ပါ။ Ubuntu 9.10 ကို အခြေခံပြီး ကျောင်းသုံးအတွက် ပြန်လည်ပြုပြင်ထားပါတယ်။ text book လို့လည်း ဆိုလို့ရပါတယ်။ မနက်ဖြန် ဖြန့်ချီမယ် ဆိုပေမယ့် pre order မှာထားတဲ့သူတွေကို အရင်ဆုံး shipping လုပ်မှာပါ။ အခြားလူတွေ အနေနဲ့ကတော့ january လ အလယ်လောက်မှ အမှန်တကယ် ဝယ်ယူလို့ရပါမယ်။ သူ့ရဲ့ အဓိက market target ကတော့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ရုံးသမားတွေ အတွက် သိပ်ပြီး အသုံးမဝင်သလို စျေးလည်း များလွန်းနေပါမယ်။ dual screen ဖြစ်ပြီး ၁၄.၁ လက်မ ရှိပါတယ်။ အလေးချိန်ကတော့ ၅ ပေါင်ခွဲ ရှိပါတယ်။ ကြီးတယ် လေးတယ်လို့ ထင်သလား။ တကယ်လို့ လက်ရှိ ကျောင်းမှာ သယ်နေရတဲ့ text book တွေ exercise book တွေ အားလုံးပေါင်းရင် ၁၀ ပေါင်ကျော်လောက် ရှိပါတယ်။ Kno က ကျောင်းသား တစ်ယောက်ရဲ့ လိုအပ်ချက်အားလုံးကို [...]
13
2010
Install Cocos2d-iphone
Cocos2d ဟာ iPhone 2D Game ရေးဆွဲဖို့အတွက် opensource framework တစ်ခုပါ။ game တွေကိ ုမြန်ဆန်လွယ်ကူအောင် ရေးဆွဲဖို့အတွက် framework တွေထဲက opensource framework တစ်ခုပါ။ အခု iphone အတွက် ဖြစ်တဲ့အတွက်ကြောင့် Mac OS 10.6 နဲ့Xcode ရှိထားဖို့လိုပါတယ်။ Cocos2d က အစက python နဲ့ရေးထားပြီးတော့ objective-c အတွက် သီးသန့် ပြန်ရေးထားတယ်လို့ ဆိုပါတယ်။ ဟုတ်ပြီ။ ကျွန်တော်တို့ အရင်ဆုံး http://www.cocos2d-iphone.org/download မှာ download လုပ်လိုက်ပါ။ stable version က cocos2d-iphone-0.99.4.tar.gz ပါ။ rc version ကတော့ cocos2d-iphone-0.99.5-rc1.tar.gz ပါ။ rc1 အခြေအနေ ရောက်နေတဲ့အတွက် stable မဖြစ်ပေမယ့် တော်တော် အဆင်ပြေပါတယ်။ 0.99.5 နဲ့ o.99.4 က ကွာတဲ့ အချက်တွေ ရှိပါတယ်။ 0.99.5 မှာ iPhone 4 retina display အတွက် hd image တွေ ထည့်လို့ရလာပါတယ်။ 0.99.4 ကတော့ iPhone 4 [...]
Subscribers
Tags
MZ Blog Network
- ဘားကမ့်ရန်ကုန် ၂၀၁၂ မြင်ကွင်းများ
- Making Shan Flag with CSS
- Lightbox with CSS3
- TinyMVC : A Lightweight PHP Framework
- Simple Blog with PHP ( Part-3 )
- အင်တာနက် ဒိုမိန်း လိပ်စာများအကြောင်း သိကောင်းစရာ
- Image+Me ~ My new Photography Blog
- Natty Narwhal မှာ Ubuntu Tweak ဘယ်လို သွင်းမလဲ!?
- အတားအဆီးများကို ဖော်ထုတ်ခြင်း (၄) - မိဘတွေနဲ့ တိုင်ပင်ပါ
- Update mmwebfont


An article by mzedu












